28 C
Yangon

ရေဖြူရှိ ဧကနိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ခန့်ပြာကျ၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ဆရာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

ရေဖြူရှိ ဧကနိရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ခန့်ပြာကျ၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ဆရာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ဧကနိရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ည ၈ နာရီကျော်အထိ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်ထိ ဒေသခံပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ စစ်တပ် မီးရှို့မှုကြောင့် ပျက်စီးဆုံးသွားသည့် နေအိမ် အရေအတွက်ကို အဝေးမှ ခန့်မှန်းတွက်ချက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဧကနိရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဧကနိရွာအနီးရှိ တောထဲ၌ စစ်ဘေးရှောင်နေတဲ့ ဆရာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဧကနိရွာ အနောက်ကျောင်းမှ ဆရာတော်မှာ လည်ပင်းကို ကျည်ထိမှန်ခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ဧကနိရွာ အနီးတဝိုက်တွင် တပ်စွဲထားပြီး ရွာထဲရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း​ကြောင့် ဧကနိရွာနှင့် ဝဇွမ်းတောရွာ အပါအဝင် ကျေးရွာ ပေါင်း ၈ ခုမှ ဒေသပြည်သူ အများအပြား စစ်ဘေးရှောင်နေရပြီး တောထဲကိုရောက်နေသည့် စစ်ဘေးရှောင်ပြည်သူများ စားနိပ်ရိက္ခာနှင့် အမိုးအကာများ လိုလျက်ရှိကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article