39 C
Yangon

ယင်းမာပင်ရှိ ပေကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးဒဏ်ရာရ

Must read

ယင်းမာပင်ရှိ ပေကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပေကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အောင်ဇေယျကုန်းပေါ်မှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပေကုန်းရွာကို ပစ်ခတ်ခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

” ပစ်တာက အောင်ဇေယျကုန်းကနေ စစ်ခွေးတွေက ရမ်းသမ်းပစ်တာ။ မနေ့ မနက်ခင်း ကတည်းကပဲ။ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီလောက်က ပစ်တာလို့ သိရတယ်။ ၂ လုံးကတော့ ရွာအပြင်ကျတယ်။တစ်လုံးကတော့ ရွာထဲကအိမ်တစ်လုံးပေါ်ကျပြီး အဲဒီအိမ်က ၁၀ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးသေဆုံးတယ်။ နောက်ထပ် အမျိုးသား ၂ ဦးရယ် အမျိုးသမီး ၃ ဦးကတော့ ဒဏ်ရာရ ထားတာရှိတယ်။ ဒဏ်ရာရသူတွေအကုန်လုံးကို ဆေးကုသမှုပေးနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ပေကုန်းရွာကို လက်နက်ကြီးဖြင့် ဒုတိယ ကြိမ်မြောက် ပစ်ခတ်ခြင်း ဖြစ် ကြောင်း၊ ပထမအကြိမ် ပစ်ခတ်မှုကို ရဲတပ်ရင်း၂၈ က ယခုနှစ် ဧပြီလ ၁၂ ရက်နေ့ ပစ်ခတ်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးကာ အသက် ၈၀ ခန့်အဖွားအို ၁ ဦးလည်း ဒဏ်ရာခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article