29 C
Yangon

ဖြူးမြို့နယ်ရှိ ဘုရားလဟာရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဖြူးမြို့နယ်ရှိ ဘုရားလဟာရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဘုရားလဟာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း White Peacock Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့ အရှေ့ဘက်ရှိ ဘုရားလဟာကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Drone ဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို White Peacock Drone တပ်ဖွဲ့နှင့် Golden Brother ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article