38 C
Yangon

ဒီပဲယင်းရှိ ခမရ ၇၀၁ နှင့် ၇၀၈ တပ်ရင်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ဒီပဲယင်းရှိ ခမရ ၇၀၁ နှင့် ၇၀၈ တပ်ရင်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၁ နှင့် ခမရ ၇၀၈ တပ်ရင်းတို့ကို မောင်း သူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (Yoma Ya Zar ) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၇၀၁ ၊ ခမရ ၇၀၈ တပ်ရင်းအတွင်းသို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (Yoma Ya Zar ) တပ်ဖွဲ့မှ ပထမဆုံး မောင်းသူမဲ့လေယာဉ်ငယ် မစ်ရှင်အဖြစ် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“နမခ လက်အောက်ခံ ခမရ ၇၀၁ ၊ ၇၀၈ လို့ သိရတယ်၊ ဒီပဲယင်းမြို့မှာ ရှိတာ၊ သူတို့နားနေတဲ့အချိန် ပစ်ချခဲ့တာ၊ လေယာဉ်ငယ် ၂ စီးနဲ့၊ တစ်စီးက အခြေအနေ မကောင်းပေမယ့် ပြန်ပြီး အရယူနိုင်ခဲ့တယ်၊ ကျနော်တို့ တပ်ဖွဲ့က ပကညာမျှထားတဲ့အဖွဲ့တွေက ဆော်နေကြတာကြပြီဗျ၊ ကျနော်တို့အဖွဲ့ကတော့ အခုမှ ပထမဆုံး မစ်ရှင်ပါပဲ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (Yoma Ya Zar ) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာအကူအညီဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ နှင့် ပုလဲ ခရိုင်တပ်ရင်း ၉ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်တပ်ရင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့် အကြမ်းဖက်စစ်သားများသည် အင်အား ၈၀ ခန့်ရှိပြီး ဩဂုတ်လ ၁၉ ရက်နေ့က ဘုတလင်မြို့နယ်၊ စိုင်ပြင်မြို့မှတဆင့် ဝင်ရောက်လာခဲ့သည့် စစ် ကြောင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ကင်းရွာမှ ဆင်းလာပြီး ရွာသာရွာထဲကို ရောက်ရှိလာသည့် အင်အား ၉ဝ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မတ္တရာမြို့နယ် ပကဖတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာရွာမှ ကျောက်တံတားရွာ အသွား လက်ဝဲကြီးရွာ အရောက်တွင် မတ္တရာ ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article