34 C
Yangon

မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအတွင်းသို့ စစ်တပ်စစ်ကြောင်း ဝင်ရောက် လာပြီး အဖိုးတန်ပစ္စည်းများလုယက်၊ လက်ထုပ်တောကျေးရွာကို စစ်တပ်က မီးတင်ရှို့ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး

Must read

မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအတွင်းသို့ စစ်တပ်စစ်ကြောင်း ဝင်ရောက် လာပြီး အဖိုးတန်ပစ္စည်းများလုယက်၊ လက်ထုပ်တောကျေးရွာကို စစ်တပ်က မီးတင်ရှို့ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအတွင်းသို့ စစ်တပ်စစ်ကြောင်း က ပျူစောထီးများနှင့်အတူ ဝင်ရောက်လာပြီး အဖိုးတန်ပစ္စည်းများ လုယက် ခဲ့ကြောင်း၊ ယင်းနောက် လက်ထုပ်တောကျေးရွာကို စစ်တပ်က မီးတင်ရှို့ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန် မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာအနီးရှိ ရွှေလင်းဆွဲကျေးရွာကို စစ်တပ်စစ်ကြောင်းက ဝင် ရောက် လာပြီး ပြည်သူပိုင် စားနပ်ရိက္ခာများကို ကား ၃ စီး၊ လှည်း ၂ စီးဖြင့် ချောဆွဲ ယူဆောင်သွားကြောင်း၊ ယင်းနောက် ယင်းနေ့ နေ့လယ်ပိုင်းတွင် လက်ထုပ်တောကျေးရွာကို စားနပ်ရိက္ခာနှင့် ပစ္စည်းများကို တင်ဆောင်ကာ ပြည်သူ ၁၄ လုံး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် ပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ပြီး ကျေးရွာ ၂ ခုမှ ပြည်သူပေါင်း ၃၀ ကျော်ကို ဖမ်း ဆီးကာ ကန်နီပျူစောထီးကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံ ရသည့် ပြည်သူများ၏ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

“အပြစ်မဲ့ပြည်သူတွေ အများအပြားအဖမ်းခံရပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိသလို ပြည်သူ ၃၀ကျော်ကို ကန်နီပျူရွာအထိ ဖမ်း ဆီး ခေါ်ဆောင်သွား ပါ တယ်။ အိမ်တွေကိုလည်း မီးရှို့၊ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း လုယက် ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article