34 C
Yangon

ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ ငဖဲမြို့နယ်ရှိ စစ်တပ်၏ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်စခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး၊ ငဖဲမြို့နယ်ရှိ စစ်တပ်၏ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်စခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF Column 3 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၅ လုံး လာရောက် ဗုံးကျဲခဲ့ပြီး ဂန့်ဂေါမြို့ အမြောက်တပ်ရင်းမှ အမြောက်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ရှိ အကြမ်းဖက် စစ်တပ်ကလည်း မြစ်သာမြစ် အရှေ့ဘက်ကမ်း အတိုင်း အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူ လာရောက်ခြင်းကြောင့် တော်လှန်ရေး တပ်ပေါင်းစုမှ နံနက် ၉ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲ​အတွင်း စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၅ ဦး ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ မရှိကြောင်း သိရှိရသည်။

” လက်နက်တွေ သိမ်းဆည်းရမိခဲ့တာတော့ မရှိခဲ့ပါဘူး။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တအားပစ်နေလို့ ပြန်ဆုတ်ခဲ့ရပါတယ်” ဟု ABSDF Column 3 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁ ၊တပ်ရင်း ၇ ၊ တပ်ရင်း ၁၁ ၊ တပ်ရင်း ၁၂ ၊တပ်ရင်း ၁၄ ၊ မင်းဘူးခရိုင် PDF တပ်ရင်း ၊ ဂန့်ဂေါမြို့နယ် ပ.က.ဖ၊ ထီးလင်းမြို့နယ် ပ.က.ဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မင်းဘူး – အမ်းလမ်းမကြီး ၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်သည့် နေရာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု ၂ ဦးသေဆုံးခဲ့​ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho) က သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်သည့် နေရာတွင် စခန်းချထားသည့်နေရာကို CDF-Asho က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းအရာရှိ အရာခံဗိုလ် ၁ ဦးပွဲချင်းပြီး သေဆုံးပြီး ကျန် ၁ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အခြား ဒဏ်ရာရရှိသူများနှင့်စခန်းထိခိုက်ပျက်စီးမှုများမှု ရှိကြောင်း အတည်ပြုနိုင်ခဲ့​ပြီး အကြမ်းဖက် စစ်တပ်နှင့် CDF – Asho ရဲဘော်များ ၄၅ မိနစ်ကြာ အပြန်အလှစ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်းကြောင့် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ရပြီး CDF – Asho ရဲဘော်များ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article