38 C
Yangon

ရေဦးမြို့နယ်အတွင်း စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်အတွင်း စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ် အနောက်ခြမ်းကို ရောက်ရှိလာကြောင်း၊ စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းမှ တောထဲ ကောက်စိုက်နေသည့် ပြည်သူ ၁၀ ဦးကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလာကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကံပြား၊ မစိုးရိမ်၊ ခြုံရွာ၊ ကျီကုန်း၊ ချောင်းရိုး၊ ရှော်ဖြူ၊ တင်းတိန်ရံ၊ မြို့ကြီး၊ ပေါက်တော၊ ဇီးကုန်း၊ ကုန်းသာ၊ ရွာမိဿာ၊ မုတ်စီ၊ နှောကုန်း၊ ကုန်းတန်း၊ ကုန်းကြီးနှင့် ငြုတ္တုံ စသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

” ဒီနေ့ နံနက် ဒီပဲယင်းကနေ ရေဦးနယ်အနောက်ခြမ်းကို စစ်ခွေး စစ်ကြောင်း ထွက်လာတယ်။ ပြည်သူတွေလည်း ​မိုးထဲရေထဲ ပြေးလွှားနေကြရတယ်။ ဘုတလင်နယ်ထဲက တောထဲကောက်စိုက်နေကြတဲ့ ကောက်စိုက်သမ ၁၀ ဦးကျော်လောက်ကို လူသားဒိုင်းအဖြစ် စစ်ခွေးတွေ ဖမ်းလာတယ်။ စစ်ရှောင်ပြည်သူ ၁ သောင်းကျော်လောက်ရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးအနောက်ခြမ်းရှိ ရွာမိသာရွာအနီးနှင့် မူးဆုံရွာအနီးတို့တွင် ၂ ဖွဲ့ခွဲ၍ တပ်စွဲထား​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article