36 C
Yangon

ဖြူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဖြူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ သြဂုတ် ၂၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါင်းဖြူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် တိုက်ပွဲများအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်က ကညွှတ်ကွင်း ၄၃၉ တပ်ရင်း၊ ဂုံးတဲကျေးရွာ၊ တောကျွဲအင်းကပ်ကွင်း ဘုန်းကြီးကျောင်း တို့၌ တပ်စွဲပြီး လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဂုံးတဲရွာ၊ ရေပြာရွာ၊ ကျွန်းကုန်းရွာ၊ သနပ်ကွင်းရွာ၊ လက်တက်ကြီးရွာ၊ နောင်ဘိုရွာ၊ သစ်ဖြူဆိပ်ရွာ၊ လှေဒုံးရွာ၊ ရွာသစ်ရွာ၊ ငတိုးခင်ရွာနှင့် ဇလုပ်ရွာ စသည့် ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” အထိနာနေတဲ့ စစ်ခွေးတွေက တိုက်ပွဲဖြစ်ရာ ကျေးရွာနဲ့ နီးစပ်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာ စစ်ဘေးရှောင်ဦးရေ ခန့်မှန်းခြေ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒေါင်းဖြူစစ်ကြောင်းက ရွှေ့ပြောင်းပေးနေရတဲ့ ဦးရေက ၁၀၀၀ လောက်ရှိပါတယ်။ လက်နက်ကြီးပစ်တာက စစ်ခွေးတွေ တပ်စွဲထားတဲ့ ကညွှတ်ကွင်း ၄၃၉ တပ်ရင်း၊ ဂုံးတဲကျေးရွာ၊ တောကျွဲအင်းကပ်ကွင်း ဘုန်းကြီးကျောင်း အဲ့ ၃ နေရာကနေ ပစ်နေတာ” ဟု ဒေါင်းဖြူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၃၇၀၂ တပ်ခွဲ ၃ ဒေါင်းဖြူစစ်ကြောင်း တော်လှန်ရေး ရဲဘော်များသည် ကျေးရွာနေ ပြည်သူ ၁၀၀၀ ​ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article