32 C
Yangon

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်တွင် စစ်တပ်တပ်ရင်းများကို တော်လှန်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းမများကို ဖျက်ဆီးဖြတ်တောက်

Must read

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်တွင် စစ်တပ်တပ်ရင်းများကို တော်လှန်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းမများကို ဖျက်ဆီးဖြတ်တောက်

■ တော်လှန်ရေးတပ်များ လာတိုက်လျှင် ခြိမ်းခြောက်ထားသည့်အတိုင်း စစ်တပ်က လက်နက် ကြီးများဖြင့် ပြည်သူများကို ပစ်ခတ်မှု ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၁

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်တပ် တပ်ရင်းများကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စစ်တပ်က အများပြည်သူများ သွားလာနေသော လမ်းများကို ဖျက်ဆီး ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီး ရှိ တပ်ရင်း ၅၉၈ တပ်ဂိတ်၀ကို ၄၀ မမ ၅ လုံးဖြင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်တပ်က ၄၀ မမ လက်နက်ကြီးကျည် ၂ လုံးဖြင့် ပြန်လည် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်တပ်ဂိတ်ကို ၄၀မမ ၅ လုံးပစ်တယ်။ စစ်သားသေဆုံးထိခိုက်မှု မသိရသေးဘူး။ စစ်တပ်ဘက်က ၄၀ မမ. ၂ လုံးနဲ့ပြန်ပစ်တယ်။ အဲဒါ ရှမ်းစု ရွာဟောင်းမှာ နေတဲ့ ကိုမျိုးမင်းဇော် အသက် ၃၅ နှစ်ဝန်းကျင်ရဲ့ လက်ကောက်ဝတ်ကို ကျည်ထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာရတယ်။ တော်လှန်ရေးအင်အားစုတွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဇလုပ်ကြီး. ၅၉၈ စစ်တပ်က ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ဝင်းကံရွာ(ရွှေကျင်ဘက်ခြမ်း) သို့ လက်နက်ကြီး ၂ လုံး ၊ ရှမ်းစု အောက်ရွာ အနောက် တောင်ဘက် ၊ ရွာ အစပ် သို့ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက် ကွဲခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့်အရပ်သားပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ထိုနေ့ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာ ရွာ နှင့် သရက်ချောင်း ရွာ အကြားရှိ ရှမ်းရွာမြောက်ပိုင်းကားလမ်းကို စစ်ကောင်စီတပ်က ဘတ်ဖိုး ဖြင့် တူးပြီး ၊အများပြည်သူ အသုံးပြုနေသော ကတ္တရာလမ်းကို အသုံးမပြုနိုင်စေရန် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

“စစ်တပ်က သူတို့လာတိုက်ရင် လက်နက်ကြီးတွေကို ရွာထဲ ပစ်မယ်လို့ သတိပေးတယ်။ တကယ် လည်း ပစ်ထည့်တယ်။ အိမ်တွေ ပျက်စီးပြီး ပြည်သူတွေ ကျည်ထိမှန်တာတွေဖြစ်တယ်။ စစ်တပ်က အရမ်းကို ယုတ်မာနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article