31 C
Yangon

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ မြိုင်တွင် စစ်ကြောင်းကို ၃ ရက်ဆက် ဗုံးသီး ၉၀ ကျော် ကျဲချ တိုက်ခိုက်

Must read

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ မြိုင်တွင် စစ်ကြောင်းကို ၃ ရက်ဆက် ဗုံးသီး ၉၀ ကျော် ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်း ဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကား ၂ စီးထိမှန်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Anonymous Special Task Force- Pauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နေ့က ပေါက်မြို့နယ်၊ ရေပြာမှ ထွက်လာသော အကြမ်းဖက်စစ်ကား ၈၀ ပါ ယာဉ်တန်းကို ပေါက်-ပခုက္ကူလမ်းပိုင်းတနေရာတွင် မိုင်းပွိုင့် ၂ ခု မိုင်းအလုံးရေ ၁၂ လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး ထိမှန်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိသည်။

အဆိုပါတိုက်ခိုက်မှုကို Anonymous Special Task Force- Pauk တပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့နှင့် ဆိုင် ကလုန်းပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူ)ရွာရှိ အကြမ်းဖက်စစ်ကြောင်းကို ၃ ရက်ဆက်တိုက် အီနာဗုံးသီး အလုံး ၉၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် တောင်ဦးရွာဘက်မှ အင်အား ၁၀၀ နှင့် ၂၀၀ ကြားပါ စစ်သားကို ကန်နီ(ပျူ) ရွာမှ ပျူစောထီးများက ရိက္ခာပြတ်နေသဖြင့် ငွေပေးခေါ်ခဲ့ရာ ယင်းအကြမ်းဖက်စစ်ကြောင်းသည် ပြည် သူ ၃၀ ခန့်ကို ဓားစာခံဖမ်းဆီးပြီးကွမ်းတောရွာသို့ သေနတ်များပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်း များကို ခိုးယူဖျက်ဆီးပြီး ကန်နီ(ပျူ)စခန်းသို့ ရိက္ခာဖြည့်ပေးရင်းဝင်ရောက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်သားများကို ဩဂုတ်လ ၂၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက် အီနာဂါဗုံးသီး အလုံး ၉၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို မြိုင်မြိုနယ်၊ ပြည်သူ့တော်လှန်ရေး ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၃ ၊ တပ်ရင်း ၂ တပ်ခွဲ ၂ ၊ Myaing.U.A.V.fighter အဖွဲ့နှင့် MPL ပကဖ တိုက်နယ် ၄ အဖွဲ့တိုပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article