28 C
Yangon

ရွှေနှင့်ဒေါ်လာ စျေးကျဆင်းရေး စသုံးလုံး ဦးဆောင်သော Task Force ဖွဲ့စည်း ဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ပြည်တွင်း စျေးကွက် ပျက်ပြီး အရောင်းအဝယ်များရပ်တန့်

Must read

ရွှေနှင့်ဒေါ်လာ စျေးကျဆင်းရေး စသုံးလုံး ဦးဆောင်သော Task Force ဖွဲ့စည်း ဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ပြည်တွင်း စျေးကွက် ပျက်ပြီး အရောင်းအဝယ်များရပ်တန့်

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်ကောင်စီက ရွှေနှင့်ဒေါ်လာစျေးနှုန်းများ ကျဆင်းရေး အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးဆောင်သော Task Force ဖွဲ့စည်း၍ ဆောင် ရွက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြီးနောက် ပြည်တွင်းစျေးကွက်တွင် ရွှေနှင့် ဒေါ်လာ အရောင်းအဝယ် ရပ်တန့်ပြီး စျေးကွက်ပျက်နေကြောင်း စျေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် UMFCCI ၊ ကုန်သည်ညီနောင်အသင်းများ၊ စီးပွား ရေးသမားများကို နေပြည်တော်သို့ ခေါ်ယူ၍ ပို့ကုန်ရငွေ ဒေါ်လာများ စစ်တပ် ထံ အပ်နှံရန်၊ မအပ်နှံလျှင် ထောင်ချမည်ဟူ၍လည်းကောင်း၊ ပြင်ပစျေး ကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်းများကို လက်မခံရန်၊ ဒေါ်လာ များမကိုင်ဆောင်ရန်၊ ဒေါ်လာနှင့်ပတ်သက်၍ စစ်ကောင်စီက ချမှတ်ထားသော ဥပဒေများကို လိုက်နာရန်၊ Task Force ဖွဲ့စည်း၍ ဒေါ်လာနှင့်ရွှေစျေး ကျဆင်းစေရေး လုပ်ဆောင်မည်ဟု စီးပွားရေးအသိုင်းအ၀ိုင်းတစ်ခု လုံးကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုများကြောင့် ဩဂုတ်လ ၂၁ ရက်နေ့ တနင်္လာနေ့တွင် ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်များ မဖွင့်နိုင်ဘဲ ရွှေကုန်သည်များ၊ ဒေါ်လာ ဝယ်ရောင်း လက်ကြီးအများစု တိမ်းရှောင်ခဲ့ကြကြောင်း၊ စျေးကွက်တွင် အလုပ် မဖြစ်သော စျေးနှုန်းဖွင့် လှစ်ခဲ့ကြောင်း၊ အများစုမှာ စစ်ကောင်စီ၏ ဖမ်းဆီး မှု ခံရမည်စိုးရိမ်၍ အလုပ်များ ရပ်တန့်ခဲ့ကြကြောင်း၊ ထို့ကြောင့် အရောင်း အဝယ် များ ရပ်တန့်ကာ စျေးနှုန်းများ တအိအိကျဆင်းလာကြောင်း၊ စျေးနှုန်း ကျဆင်း သော်လည်း ဒေါ်လာ ဝယ်ယူ၍ မရကြောင်း သိရှိရသည်။

“စစ်တပ်က ဖမ်းဆီးမယ်ဆိုပြီးတော့ ခြိမ်းခြောက်တော့ ဒေါ်လာဝယ်ရောင်း တော် တော်များများ ရှောင်ကြတယ်။ အဲဒီလိုပဲ ဒေါ်လာစျေးတက်၊ ရွှေစျေး တက်လာရင် သူတို့လုပ်နေတဲ့ ခြိမ်းခြောက်မှုနဲ့ လုပ်နေတာဆိုတော့ အကုန် ခဏ ရှောင်ကြတာ။ စျေးကွက်က သူ့ဟာသူ စျေးဖွင့်ကြတယ်။ အများစုက အဝယ်အရောင်းမလုပ်ကြဘူး။ ခဏ ငြိမ်နေကြတော့ စျေးတွေ ကျတယ်။ ကျစျေးနဲ့ ဝယ်မရဘူး။ မဖြစ်လို့ အရောင်းအဝယ်လုပ်တဲ့သူ ရှိနိုင်တယ်။ အများစုက ခဏငြိမ်ကြတာ။ သူတို့မှာလည်း ဒေါ်လာ ပြတ်လပ်နေတာ အားလုံးသိကြတာပဲ။ ရက်ပိုင်းတော့ စျေးတန်းပြီး ပုံစံတစ်မျိုးနဲ့ အရောင်း အဝယ် လုပ်လို့ရရင် စျေးပြန်တက်လာလိမ့်မယ်” ဟု လတ်တလော တိမ်းရှောင်နေရသော ရန်ကုန်မှ ဒေါ်လာဝယ်ရောင်း လက်ကြီးသမားက ပြောဆိုသည်။

ရန်ကုန်ရွှေစျေးကွက်တွင်လည်း တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင် ရွှေကုန်သည်တချို့ အသင်းရုံးခန်းသို့ မျက်နှာ လာပြရုံမှအပ အဝယ်အရောင်း နည်းပါးကြောင်း၊ ရွှေကုန်သည်များလည်း စျေးကွက်ပြင်ပတွင်သာ အရောင်း အဝယ်လုပ်ကြပြီး ရွှေစျေးနှုန်း အနည်းငယ်ကျဆင်းကြောင်း ၊ ကျဆင်းသော ရွှေစျေးနှုန်းဖြင့် ရွှေဝယ်၍ မရကြောင်း သိရှိရသည်။

“ရွှေစျေး နည်းနည်းပြန်ကျတယ်။ တစ်ကျပ်သား ၃၈ သိန်းနဲ့ ၃၉ သိန်း တစ်ပတ်ချာလည်မှာစျေးဖွင့်ထားတယ်။ အဝယ်အရောင်း မရှိဘူး။ ကျစျေးနဲ့ ရွှေဝယ်မရဘူး။ ရောင်းလည်း မရောင်းဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာစျေးနှုန်းမှာမူ တစ်ဒေါ်လာလျှင် ၃၈၅၀ ကျပ်နှင့် ၃၉၂၀ ကျပ်အကြား ဆက်လက် စျေးရှိနေပြီး စျေးကွက်တွင်မူ ယင်းထက် နည်းသော စျေးနှုန်းဖြင့် စျေးဖွင့်သော်လည်း အလုပ်မဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အကြမ်းဖက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့် အကြမ်းဖက် အရာရှိများ။

အကြမ်းဖက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့် အကြမ်းဖက် အရာရှိများ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article