33 C
Yangon

နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားရန် မရှိဘဲ ရွေးကောက်ပွဲ ကျင်းပရေး အရှိန် အဟုန်မြှင့် လုပ်မည်ဟု အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ပြောဆို

Must read

နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း သွားရန် မရှိဘဲ ရွေးကောက်ပွဲ ကျင်းပရေး အရှိန် အဟုန်မြှင့် လုပ်မည်ဟု အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း ပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားရန် မရှိဘဲ တွေ့ဆုံဆွေးနွေးလိုပါက အကြမ်းဖက်ဟု ကြေညာခံထားရသူများက အကြမ်းဖက်လုပ်ရပ်များ စွန့်လွှတ်ပါမည်ဟု ဝန်ခံ ကြေညာမှသာ တွေ့ဆုံ ဆွေး နွေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း က ပြောဆို လိုက် သည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်း လင်းပွဲ ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက် ခြင်းဖြစ်သည်။

“တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားဖို့ဆိုရင် ပထမဆုံး အနေနဲ့ နိုင်ငံတော် အစိုးရအနေနဲ့ အကြမ်းဖက်လို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားစရာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွား ဖို့ဆိုရင် အကြမ်းဖက်လို့ ကြေညာခံထားရတဲ့သူတွေအနေနဲ့ အကြမ်းဖက် အလုပ် ကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိ ဝန်ခံချက်လိုပါတယ်။ နံပါတ် ၂ အကြမ်း ဖက် လုပ်ရပ်တွေကို ရှုတ်ချပါတယ်ဆိုတဲ့ ကမ္ဘာသိကြေညာချက် လိုပါတယ်။ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်း ကြောင်း လျှောက်လှမ်းစရာမရှိပါဘူး” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ငြိမ်းချမ်းရေးရရှိရန် တိုင်းရင်းသား လက်နက် ကိုင်များနှင့်တွေ့ဆုံဆွေးနွေးနေကြောင်း၊ နိုင်ငံရေး တည်ငြိမ်ရေး လမ်းကြောင်း ပေါ်ထွန်းရန် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article