37 C
Yangon

လက်ခတ်တောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ပြီး အလောင်းပြန်မကောက်နိုင်ဘဲ သဂြိုလ်ပြီးစီးခဲ့ဟု ကျန်ရစ်သူ မိသားစုကို စစ်တပ်က လိမ်လည်

Must read

လက်ခတ်တောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ပြီး အလောင်းပြန်မကောက်နိုင်ဘဲ သဂြိုလ်ပြီးစီးခဲ့ဟု ကျန်ရစ်သူ မိသားစုကို စစ်တပ်က လိမ်လည်

■ နာရေးရက်လည်ကို အကြီးအကျယ်မလုပ်ရန် ဒိုက်ဦးရှိ ဗိုလ်မှူးသက်မင်းသူ မိဘများကို စစ်တပ်နှင့်ထွေ/အုပ်က ဖိအားပေး

ရန်ကုန်၊ ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထား သည့် လက်ခတ်တောင်ကို ပြန်လည် ရရှိရေး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ကြောင်း မိသားစု နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကောင်စီတပ်များက လက်ခတ်တောင်ကို အလုံး အရင်း ထိုးစစ်ဆင်စဉ် ဗိုလ်မှူးသက်မင်းသူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ဗိုလ်မှူး သက်မင်းသူ၏ အလောင်းကို ပြန်လည် ကောက်ယူ နိုင်ခြင်းမရှိဘဲ စစ်တပ်က ကောင်းမွန်စွာ သဂြိုလ်လိုက်ပြီဟု ဩဂုတ်လ ၁၈ ရက်နေ့တွင် မိသားစုထံသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

“လက်ခတ်တောင်မှာကျသွားတဲ့ဗိုလ်မှူး သက်မင်းသူက ဒိုက်ဦးဇာတိပါ။ သူ့ အဖေ၊ အမေက ဒိုက်ဦးကပါ။ အလောင်းပြန်မရဘူး။ ဩဂုတ်လ ၁၅ရက်နေ့ ကတည်းက သေတာကို ဩဂုတ်လ ၁၈ရက်နေ့မှာမှ သူ့မိဘကို အကြောင်းကြား တယ်။ အလောင်းပြန်မရတာကိုလည်း သဂြိုလ်ပြီးပြီလို့ စစ်တပ်က လိမ်လည် ပြောတယ်။ ဗိုလ်မှူး သက်မင်းသူ အဖေက ဒိုက်ဦးမြို့ အမှတ် ၇ စက်ကွင်း ရပ် ကွက်၊ လက်ရှိ အုပ်ချုပ်ရေးမှူး ကျော်ကျော်ဦးပါ။ အဲဒါ နာရေးကို ထွေအုပ်နဲ့ စစ်တပ်က အကျဉ်းချုံးလုပ်ဖို့ လာသတိပေးသွားတယ်” ဟု မိသားစုနှင့် နီးစပ် သော ဒိုက်ဦးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန်မှစတင်၍ မြ၀တီမြို့နယ်၊ လက် ခတ် တောင်သို့ စစ်ကောင်စီတပ်ဘက ထိုးစစ်ဆင်လာရာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး သက်မင်းသူ ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article