37 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်၊ စစ်​ဘေး​ရှောင် အဘိုးအို ၁ ဦး​သေဆုံး

Must read

ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်၊ စစ်​ဘေး​ရှောင် အဘိုးအို ၁ ဦး​သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြမ်း ဖက် စစ်တပ်က စစ်ကြောင်း ထိုးလာသည့်အတွက် ဒေသပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေကြရပြီး စစ်ရှောင်အဘိိုးအိုတစ်ဦးလည်းအမောဖောက်သေဆုံးခဲ့ရ​ကြောင်း ​ဒေသပြည်သူများက ​ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အတွင်းသို့ ယမန်​နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး နီးစပ်ရာ ကျေးရွာ များမှ တောင်သူ ၄၀၀၀ ကျော်သည် ကောက်စိုက်၊ ပျိုးနုတ် အလုပ် များ ကို ပစ်၍ မိသားစုများနှင့်အတူ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ်၊ လောင်းရှည်ရွာကြီး၊လောင်းရှည်ရွာသစ်၊လက်ပံလှ၊ချောင်းဆုံ၊သံဘို၊ ကျီးကန်၊ရေအေးကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၄၀၀၀ ကျော်သည် မိုးစပါးစိုက်ပျိုးနေချိန် စစ်ကြောင်းထိုးလာသဖြင့် လယ်ယာလုပ်ငန်းခွင်များကို စွန့်ခွာ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း တွင်လည်း သြဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်း ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကား ၄ စီးဖြင့် အင်းပတ်ကွေ့သို့ စစ် သား အင်အား ၁၀၀ ကျော်လာချ သွားခဲ့ကြောင်း၊ထို့ကြောင့် နီးစပ်ရာကျေးရွာ များ မှ ပြည်သူ ၄၀၀၀ ကျော်သည်လည်း မိုးထဲရေထဲ ထွက် ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

လတ်တလော ခင်ဦးမြို့ နယ်၊ အနောက်ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာ စုစုပေါင်း ၁၃ ရွာမှ ပြည်သူ ၈၀၀၀ ကျော် သည် အကြမ်းဖက်စစ်တပ်၏ ထိုးစစ် ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လယ်ယာလုပ်ငန်းခွင်များစွန့်ခွာ ထွက်ပြေး ရ၍ မိုးစပါး အချိန်မီ စိုက်ပျိုးထွက်ရှိနိုင်မည်မဟုတ်ကြောင်း သိရှိရ သည်။

ခင်ဦးမြို့ပေါ်တွင်လည်း သြဂုတ် ၂၁ ရက်နေ့ ခင်ဦးရဲစခန်းမှ အင်အား ၁၀၀ ကျော် စစ်တပ်စစ်ကြောင်းက ခင်ဦးမြို့ ပတ်ချာလည်ဝန်းကျင် စစ်ကြောင်း ထိုးခဲ့ပြီး ပြည်သူအများအပြားကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ အများစု ကို ညနေပိုင်းတွင် ပြန်လွတ်ခဲ့သော်လည်း တောင်သူ လုပ်ကိုင်ကြသည့် ဒေါ်ဌေး အသက် ၅၅နှစ် နှင့် ဒေါ်ခင်မာလာ အသက် ၄၈နှစ် တို့ ကိုမူ ပြန်မလွှတ်သေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article