27 C
Yangon

ချင်းမိုင် IPCM ဖြစ်မြောက်ရေး ညီလာခံမှ ရန်ကုန်ခေတ်သစ်မီဒီယာ နုတ် ထွက်ခဲ့ ပြီး နောက်ဆက်တွဲ ဖြစ်စဉ်များနှင့် မသက်ဆိုင်၊ ပူးပေါင်းမည် မဟုတ် ကြောင်း အသိပေး ကြေညာခြင်း

Must read

ချင်းမိုင် IPCM ဖြစ်မြောက်ရေး ညီလာခံမှ ရန်ကုန်ခေတ်သစ်မီဒီယာ နုတ် ထွက်ခဲ့ ပြီး နောက်ဆက်တွဲ ဖြစ်စဉ်များနှင့် မသက်ဆိုင်၊ ပူးပေါင်းမည် မဟုတ် ကြောင်း အသိပေး ကြေညာခြင်း

===========================================

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ် စတင်ထူထောင်ခဲ့ချိန်မှ စတင်ပြီး သတင်းမီဒီယာ လွတ်လပ် ခွင့်၊ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့် ဟူသည့် အခြေခံ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး တောက် လျှောက် တောင်း ဆိုတိုက်ပွဲဝင်ခဲ့သည့် သတင်းဌာနဖြစ်သည်။

၂၀၁၈ ခုနှစ် လူထုတင် မြှောက်ထား သော NLD အစိုးရ လက်ထက် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန် ခေတ်သစ် မီဒီယာ၏ ထူထောင်သူနှင့်အယ်ဒီတာချုပ်သည် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ၏ တွဲဘက် အတွင်း ရေးမှူး ၂ အဖြစ် အရွေးချယ်ခံခဲ့ရသည်။

သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းချိန်တွင် စစ်တပ် လက် အောက် ကျရောက် သွားသည့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ၂ အဖြစ်မှ ချက် ချင်း နုတ်ထွက်ခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ကိုလည်း လုံး၀(လုံး၀) ထောက်ခံခြင်းမရှိဘဲ စစ်တပ်၏ ဝါဒဖြန့် လက် ကိုင်တုတ်အဖြစ် သတ်မှတ် ဆန့်ကျင် လျက်ရှိသည်။

လွတ်လပ်သော မီဒီယာများနှင့် သတင်းသမားများ အပါအဝင် သတင်းမီဒီယာ ဆိုင်ရာ အလွှာပေါင်းစုံကို ကိုယ်စားပြုသည့် လွတ် လပ်သော သတင်းမီဒီယာ ကောင်စီတစ်ရပ် ပေါ်ထွန်းရေး ရန်ကုန်ခေတ်သစ်က အမြဲ လိုလားတောင့်တပြီး ထိုသို့ ဆောင်ရွက်မှုမှန်သမျှကိုလည်း ထောက်ခံလျက်ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ဖြစ်ပေါ်ရေး ညီလာခံတစ်ရပ်တွင် ရန်ကုန်ခေတ်သစ်က လိုလားတောင့်တသော လွတ်လပ်သော သတင်းသမားအားလုံး၊ သတင်းမီဒီယာအားလုံး နှင့် အလွှာ ပေါင်း စုံ ကို ကိုယ်စားပြု ပါဝင်သည့် ညီလာခံဟု မယုံကြည်ခြင်း၊ အသင့် ရေး ဆွဲထားသော ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ချပြ ဆွေးနွေးခိုင်းခြင်း၊ အလွန် အရေး ကြီးသော ကောင်စီဖွဲ့စည်းပုံ အခြေခံမူများကို တက်သုတ်ရိုက် ဖုတ်ပူမီး တိုက် ဆွေးနွေးခိုင်းခြင်း၊ စစ်အာဏာရှင်ကို တော်လှန်ရင်း ခက်ခဲစွာ ရုန်းကန် ရှင်သန် နေရ သည့် သတင်းမီဒီယာများကို ထိန်းကျောင်းမည်ဟု အကြိမ်ကြိမ် သုံးနှုန်း နေခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် တိုက်ပွဲဝင် လှုပ် ရှား နေ သော CSO များ၊ တက်ကြွလှုပ်ရှားသူများ ၊ ကွန်ရက်များစွာ ညီလာခံတွင် မပါ ဝင်ခြင်း တို့ကြောင့် ညီလာခံ တတိယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း ညီလာခံမှ နုတ်ထွက်ခဲ့ပါသည်။

ထို့ကြောင့် အလွှာပေါင်းစုံ အားလုံးကို ကိုယ်စားပြု ပါဝင်နိုင်ခြင်းမရှိသည့် ချင်း မိုင် IPCM ညီလာခံမှ ထွက်ပေါ်လာသော ရလဒ်များသည် ရန်ကုန် ခေတ်သစ် မီဒီယာနှင့် လုံး၀(လုံး၀) သက်ဆိုင်ခြင်းမရှိဘဲ မည်သည့် ကောင်စီ၊ အဖွဲ့အစည်း ကိုမှလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ပတ်သက်ဆက်နွယ် မည် မဟုတ် ပါ ကြောင်း ပြည်သူများ သိရှိစေနိုင်ရန် အသိပေး ကြေညာအပ် ပါသည်။

အယ်ဒီတာအဖွဲ့

ရန်ကုန်ခေတ်သစ်သတင်းဌာန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article