30 C
Yangon

KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်

Must read

KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်

ရန်ကုန်၊ သြဂုတ် ၂၃

KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး KNLA – ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေး က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် BGF – တပ်နယ် (၂) မှ တပ်သား အောင်ကိုဦး သည် အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သောကြောင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA – ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်ကို တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်းသိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်သား အောင်ကိုဦးကို KNLA – ပူးပေါင်းတပ်ဖွဲ့များမှ နွေးထွေးစွာကြိုဆိုပြီး KNLA – ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က ဆုတော်ငွေအဖြင့် ထိုင်းဘတ်ငွေ ၅၀၀၀၀ ငါးသောင်းဘတ် ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

BGF – တပ်နယ် (၂) မှ တပ်သား အောင်ကိုဦးသည် M16-A1 ၁ လက်၊ ကျည်ဘောက် ၅ ခု နှင့် ၅.၅၆ ကျည်တောင့် ၁၅၀ တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား ဆန့်ကျင်၍ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLA – ပူးပေါင်းတပ်ဖွဲ့များ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိနေပြီး ဆုတော်ငွေများဖြင့်လည်း ဆုချီးမြှင့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ယနေ့ထိတိုင် တစ်လကျော်အကြာ ထိုးစစ်ဆင်ခဲ့သော်လည်း KNLA- ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျား ပစ်ခတ်မှုကြောင့် အရာရှိ အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ရပြီး လေကြောင်း ပစ်ကူအဖြင့် အသုံးပြုနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article