32 C
Yangon

ကမ္မမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊ စစ်ကိုင်းတွင် ဆက်ကြေး တောင်းနေသာ ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ကမ္မမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊ စစ်ကိုင်းတွင် ဆက်ကြေး တောင်းနေသာ ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အတွင်း၌ ကင်းလှည့်နေသော အကြမ်းဖက်စစ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ထံမှ သိရသည်။

ဩဂုတ်လ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် ကမ္မမြို့ပေါ်သို့ ကင်းလှည့်ထွက်လာ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်ပစ်ဗုံး ၃ လုံးနှင့်အတူ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ တပ်ခွဲ ၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့၌ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်တပ်လက်ကိုင်တုတ်ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးလွင့်စင်မြောက် တက်သွား ပြီးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ် ညောင်ပင် ဝန်းရဲစခန်းရှေ့၌ ခရီးသွားပြည်သူများ၏ ကားများကို အတင်းအဓမ္မငွေကြေးကောက်ခံနေသည့် အကြမ်း ဖက်စစ်တပ်လက်ကိုင်တုတ် ရဲများကို စစ်ကိုင်းခရိုင်တပ်ရင်း ၁ နှင့် Ground Fighter ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး လွင့်စင်မြောက်တက်ကာ ပြုတ်ကျသွားပြီး ပွဲချင်းပြီးသေဆုံးသွား ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article