ဘုတလင်မြို့နယ်အခြေစိုက် “ကံစမ်းရင်းကူ အညာအလှူ” ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် GON MARN Local PDF တပ်ဖွဲ့မှ မေတ္တာရပ်ခံ
ရန်ကုန်၊ ဩဂုတ် ၃၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်သည့် GON MARN Local PDF တပ်ဖွဲ့ဝင် လိုအပ်သော မောင်းပြန်တစ်လက်၊ ခဲယမ်းများနှင့် အခြားလိုအပ်သော အရာများဝယ်ယူရန် ပြုလုပ်နေ သည့် ကံစမ်းရင်းကူ အညာအလှူ ကမ်းပိန်းတွင် ပူးပေါင်းပါဝင်ပေးကြပါရန် အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ကံစမ်းမဲ အလှူကမ်ပိန်းကို “ကံစမ်းရင်ကူ အညာအလှူ” ဟု နာမည်ပေးထားပြီး ပါဝင်ကံစမ်း သူမိဘပြည်သူများကို ပထမဆု အဖြစ် ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုအဖြစ် ငွေကျပ် ၇ သိန်း၊ တတိယ ဆုအဖြစ် ငွေကျပ် ၅ သိန်း၊ နှစ်သိမ့်ဆုအဖြစ် ငွေကျပ် ၁ သိန်း ( ဆု ၅ ဆု)ကို ပြန်လည် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
“ကံစမ်းမဲကလုပ်တာကတော့ ၆ လပိုင်းကတည်းက လုပ်တာဗျ၊ ၉ လပိုင်း ၁ ရက်နေ့ မဲဖွင့်မလို့ပဲ၊ မဲစာ အုပ်တွေက ကျန်နေတော့ ၁၀ လပိုင်းရွှေ့ထားရတယ်၊ မုံရွာ-ရေဦးကားလမ်းပေါ် တက်ရောင်းဖို့ စိတ် ကူးပေမယ့် တခြားအဖွဲ့တွေကရောင်းနေတော့ ပြည်သူတွေကို အားနာလို့ မရောင်းဖြစ်ဘူး၊ ဘာကြောင့် ဒီမဲလုပ်ကို လုပ်ရလဲဆိုတော့ စစ်ရေးအရှိန်မြင့်ဖို့အတွက်မောင်းပြန်တစ်လက်ဝယ်ဖို့ရတယ်၊ မိုင်း လုပ်ဖို့ အတွက်ပါ၊ Local အဖွဲ့တွေဆိုတော့ ထောက်ပံ့မှုအားနည်းတဲ့အဖွဲ့ဆိုတော့ စစ်ကြောင်းမရှိတဲ့ ရက်တွေ ဆိုရင် တောအလုပ်လုပ်တွေလုပ်ပြီး ငွေရှာ၊ ရတဲ့ငွေအကုန်ခဲယမ်းဝယ်တိုက်နေကြရတဲ့အဖွဲ့ပါဗျ” ဟု GON MARN Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါကံစမ်းမဲလက်မှရောင်းချမှုမှာ မဲစာအုပ် ၁၀ အုပ်သာကျန်ရှိနေတော့ကြောင်း၊ မောင်းပြန် တစ်လက်နှင့် တော်လှန်ရေးအတွ်က အခြားလိုအပ်သော လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ကံစမ်းမဲလက်မှတ်တစ်စောင်ကို ငွေကျပ် သုံးထောင်( ၃၀၀၀) ကျပ် ဖြင့် –
GON MARN Local PDF အဖွဲ့မှ Page Messenger မှ ဆက်သွယ်ကာ K Pay ၊ Wave Pay ၊ NUG Pay တို့ဖြင့် ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
ယခုရက်ပိုင်းအတွင်း ဘုတလင်မြို့နယ်အတွင်းသို့ ရန်ကုန်တိုင်းမှော်ဘီအခြေစိုက်တပ်ရင်းမှ စစ်ကြောင်း ထိုးနေပြီး Local တပ်ဖွဲ့ပေါင်း အဖွဲ့ ၂၀ ဖြင့် တပ်ပေါင်းစုဖွဲ့ကာ ခုခံကာကွယ်တိုက်ခိုက်ရန် ပြင်ဆင် နေ ကြောင်း GON MARN Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။