28 C
Yangon

မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ မလုပ် ကိုင်ရန် နှင့် အဆက် အသွယ်ဖြတ်ရန် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် က ညွှန်ကြား

Must read

မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ မလုပ် ကိုင်ရန် နှင့် အဆက် အသွယ်ဖြတ်ရန် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် က ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၈

အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာစစ်တပ် လက်အောက်ခံ ဘဏ် ၂ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ ကို မလုပ်ကိုင်ဖို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ် ကနေ ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ ဘင်္ဂလား ဒေ့ရှ် အခြေစိုက် Daily Sun သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ဘဏ်တွေဆီ ညွှန်ကြားချက်စာကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေးပို့ခဲ့တာလို့ ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာ့ဘဏ်တွေဟာ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ဒါကာမြို့ရှိ အမေရိကန်သံရုံးကနေ မြန်မာဘဏ် ၂ ဘဏ်ဟာ သူတို့ ပိတ်ဆို့ ဒဏ်ခတ်မှုအောက်မှာ ရှိနေတယ်လို့ သတိပေးစာ ထုတ်ပြန်လိုက်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Sonali ဘဏ်မှာရှိတဲ့ မြန်မာ့အပ်နှံငွေ ကန်ဒေါ်လာ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ခွင့် ပိတ်လိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒီဘဏ် ၂ ဘဏ်ကနေ ဝင်ငွေအထောက်အပံ့ရနေတာကြောင့် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်တာလို့ ဆိုထားပြီး ဒီဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့လုပ်ငန်းအားလုံးကို စောင့်ကြည့်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ထားတာ ရှိပါတယ်။

စင်ကာပူနိုင်ငံရှိ နာမည်ကြီးဘဏ်တစ်ခုဖြစ်တဲ့ UOB ကလည်း မြန်မာ့ဘဏ်အားလုံးနဲ့ ဘဏ်လုပ်ငန်းချိတ်ဆက်မှု အဆက်ဖြတ်လိုက်သလို ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာစစ်အုပ်စုနဲ့ ဘဏ်လုပ်ငန်း ချိတ်ဆက်မှုရပ်နားလိုက်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article