28 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားပြီး အသက် ထိခိုက်မှု ဖြစ်ပေါ်လာလျှင် စစ်ကောင်စီတွင် လုံး၀ တာဝန် ရှိမည်ဟု NLD သတိပေး

Must read

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားပြီး အသက် ထိခိုက်မှု ဖြစ်ပေါ်လာလျှင် စစ်ကောင်စီတွင် လုံး၀ တာဝန် ရှိမည်ဟု NLD သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ် ထိခိုက်မှုဖြစ်ပေါ်လာလျှင် အကြမ်းဖက် စစ်ကောင်စီတွင် လုံး၀ တာဝန်ရှိမည်ဖြစ်ကြောင်း NLD ဗဟို အလုပ်ကော်မတီက ယနေ့ ကြေညာချက် ထုတ်ပြန် သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီက မတရားဥပဒေမဲ့ ဖမ်းဆီးထားသော ဒေါ်အောင် ဆန်း စုကြည် ပြန်လည်လွတ်မြောက်လာရေး ကုလသမဂ္ဂ၊ အနောက်ဥရောပ နိုင်ငံ များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံ များက စစ်ကောင်စီ ထံသို့ ပုဂ္ဂိုလ်ရေးချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းအပါအဝင် အခြားနည်း လမ်း ပေါင်းစုံတို့ဖြင့်လည်း လွတ်မြောက်ရေးလမ်းစကို ရှာဖွေနေကြကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် စစ်အုပ်စု ဆက်လက် ရပ်တည် နိုင်ရေး ကို ကြားခံ အဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထားကြောင်း NLD က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ထားသောနေရာများတွင် နိုင်ငံရေး အကျဉ်းသား တစ်ဦး ရပိုင်ခွင့် အခွင့်အရေးကိုမျှမပေးဘဲ ချုပ်နှောင်ထားပြီး ထိုမျှမက လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့်နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားကြောင်း၊ အသက် ၇၈ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်တပ်က ရည်ရွယ် ဖန်တီး ထားသည့်အတွက် အထူးပင်စိုးရိမ်ပူပန်မိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေး တစ်စုံ တစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ် ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ လုံးဝ တာဝန် ရှိကြောင်း NLD က ထုတ်ပြန်သတိပေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိလွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ တော်လှန်ရေးအင်အားစုများက ကြိုးပမ်း အားထုတ်နေမှုများ ကို အလေးထားအသိအမှတ်ပြုလျက် ဆက်လက်၍ ယခုထက်ပိုမိုအား ကောင်း သော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန် NLD က တိုက်တွန်း တောင်းဆို ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article