27 C
Yangon

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် ဗဟိုဘဏ် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားများ အဖြစ် NUG က ကြေညာ

Must read

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် ဗဟိုဘဏ် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားများ အဖြစ် NUG က ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၁၅

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် ဗဟိုဘဏ် ဝန်ထမ်း ၄၄ ဦးကို အကြမ်း ဖက် သမားများ အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာလိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု ၊ နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြား သေကြေ ပျက်စီးနိုင်သည့် လက်နက်များဝယ်ယူခြင်း အစရှိသည်တို့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ၏ ဝန်ထမ်းများသည် အဓိကကြံရာပါများအဖြစ် ပါဝင်လျက်ရှိ‌ေ‌ြာင်း၊ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ ဥက္ကဌဆိုသူမှစ၍ အောက်အဆင့်ဆင့် ဝန်ထမ်းကြီး၊ အလတ်၊ အငယ်များသည် အောက်ပါလုပ်ငန်းများကို ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားများ နှင့်သွေဖည်ပြီး မလျော်ဩဇာသုံး၍ ကျူးလွန်နေသောကြောင့် ပြည်သူလူထုအပေါ် ကြီးမားပြင်း ထန်သော ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီပြီး ပြည်တွင်း ဈေးနှုန်းတည်ငြိမ်ရေးကိုရရှိစေမည့်ငွေကြေးမူဝါဒကိုချမှတ်၍ အကောင်အထည်ဖော်မှု မရှိခြင်း၊ ယင်းအစား ပြည်တွင်းသုံးငွေကြေး (မြန်မာကျပ်) အား အမြောက်အများ ရိုက်ထုတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုအတွက် အဓိကငွေကြေးထောက်တိုင်များအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့် သည့်ဒဏ်ကို ခံစားကြရခြင်း၊ မိမိကိုင်တွယ်ကျင့်သုံးရမည့် ဥပဒေများကို ဥပက္ခာပြု၍ နိုင်ငံခြား ငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ချယ်လှယ်၊ ဆောင်ရွက်ခွင့်ပြုသဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဘိုး အဆမတန် ကျဆင်းခြင်း၊ နောက်ဆက်တွဲအနေဖြင့် အခြေခံလူသုံးကုန်၊ ဆေးဝါး အပါအဝင် လူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာကြောင်း NUG က ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမည့် နိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ငွေများအား အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီ အပါအဝင် လူအများအပြား သေကြေပျက်စီးနိုင်သည့် လက်နက်များ ဝယ်ယူရာတွင်အသုံးပြုခြင်း၊ ပြည်သူပိုင်ငွေကို တလွဲ အသုံးပြုခြင်း၊ အထက်ပါ လုပ်ရပ်များကို ကျူးလွန်ခြင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃။ ပုဒ်မခွဲ(ပ) ပါ အကြမ်းဖက်သမား ဆိုသည်မှာ အကြမ်းဖက်မှု တစ်ခုခုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့်ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန်အားထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ် ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအားညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်း ကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင် ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုသည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီလျက် ရှိကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် ဗဟိုဘဏ် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း၊

အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ အခန်း(၁၄) ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ကြေညာခံရသူများတွင် ဗဟိုဘဏ် ဥက္ကဋ္ဌ ၊ဒုတိယဥက္ကဋ္ဌ များနှင့် ဝန်ထမ်းများ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးများ အပါအဝင် စစ်တပ်လက် အောက်ခံ ဝန်ထမ်း ၄၄ ဦး ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article