37 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ပိုင်ကလန်ကျေးရွာအနီးရှိ ရေတလျောက် အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး အခြား စစ် သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် သေနတ် ၁၂ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

– ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းကို ရိက္ခာလာပို့တဲ့အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်နည်းသေ ဆုံးခဲ့တယ်လို့ Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

– မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တအာင်းတပ်မတော် TNLA နဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်နဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article