27 C
Yangon

မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး နှင့်လုံခြုံ ရေး အဖွဲ့ CDSOM မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီ အချိန် စစ်တပ်က အင်အား ၁၅၀ ခန့်ဖြင့် ဧရာ၀တီမြစ်ကြောင်းမှတဆင့် နဂါးပေါက် နှင့် ဘုန်းကောင်းကျေးရွာသို့ စစ်ကြောင်း နှစ်ကြောင်းခွဲ ဝင်ရောက်လာကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် စစ်တပ်စစ်ကြောင်းတစ်ခု ခိုအောင်းနေသော နဂါးပေါက်ကျေးရွာမှ အဆောက်အအုံအပေါ်သို့ ဗုံး ၃ လုံးကျဲချခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စက်တင်ဘာလ ၁၄ ရက်နေ့တွင်ပင် ဧရာ၀တီမြစ်အရှေ့ဘက် ကြည် ရွာရှိ စစ်သား ၇ ဦး ခိုအောင်းနေသော အဆာက်အအုံတစ်ခုကို ထပ်မံဗုံးကျဲခဲ့ရာ၊ စစ်တပ်က ၆၀ မမ ၂ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် အဆိုပါကြည်ရွာရှိ စစ်သားများ၏ နေရာ ကို ဒရုန်းလေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲခဲ့ရာ စစ်တပ်က ၆၀ မမ တစ်လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်

စစ်ဆင်ရေးတိုက်ခိုက်မှုကို မောင်းသူမဲ့ ဒရုန်းလေယာဉ် ၃ စီး၊ ခြောက်လက် ဒရုန်းတစ်စင်းတို့ကို အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့ရာတွင် ခြောက်လက် ဒရုန်းမှာ ဆုံးရှုံးခဲ့ရ ကြောင်း၊ စစ်ဆင်ရေးတွင် စစ်တပ် သေဆုံးမှု စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးဟု သိရှိရသည်။

စစ်ဆင်ရေးတွင် CDSOM (အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့၊ အားမန်စစ်သည်၊ Dragon King ) ၊ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ နှင့် ၆ မှ တပ်ခွဲ ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ မှ PDF Taloke ၊ MGN Ranger ၊ MGN 21 )၊ ဆင်းရိုင်းစစ်ကြောင်း-မြောင်၊ 11 Brothers အဖွဲ့၊ LACR မြင်းခြံ၊ နဂါးပေါက် တိုက်နယ် ပကဖ၊ ဒေါင်းစစ်သည်အဖွဲ့၊ Myaung Union Army-MUA တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ မိုင်းပံ့ပိုးမှုအဖြစ် မြောင်အမျိုးသမီး စစ်သည်တော် အဖွဲ့ MZW က ပူးပေါင်း အားဖြည့်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article