ပြင်ဦးလွင်မြို့နယ် သာယာအေးရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ အတင်း အဓမ္မ ဖျက်သိမ်းခိုင်းနေပြီး နိုင်ငံတော်ပိုင်မြေဆိုသော ဆိုင်းဘုတ် ကပ်သွား၊ ယနေ့ မပြောင်းရွှေ့လျှင် ဘူဒိုဇာနှင့် အိမ်ခြေများကို ထိုးဖျက်မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်
ရန်ကုန်၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက် ကျေးရွာအုပ်စု သာယာအေး ရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေပြီး စက်တင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံတော် ပိုင်မြေဆိုသော ဆိုင်းဘုတ်လာကပ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ပြင်ဦးလွင်မြို့နယ်၊ သာယာအေးရွာသစ်တွင် နေထိုင်သည့် ပြည်သူများမှာ ၁၉၈၈ ခုနှစ်ကတည်းက အဆိုပါ မြေနေရာတွင် ဓားမဦးချစိုက်ပျိုးကာ လယ် ယာ လုပ်ကိုင်၍ နေထိုင်ခဲ့ ကြ သူများ ဖြစ်ပြီး ကျူးကျော်နေထိုင်သူများ မဟုတ် ကြောင်း၊ သာယာအေး ရွာသစ် ကွင်းအမှတ် ၇၀၆-ခ ဦးပိုင်အမှတ် ၁၁ အတွင်း မြေဧရိယာ ၆၀ ဒသမ ၃၂ ဧကရှိပြီး လူဦးရေ ၂၅၀ ဦး၊ အိမ်ထောင်စု ၄၀ ကျော် နေထိုင်ကြ ကြောင်း၊ ယခုအခါ နိုင်ငံတော်ပိုင်မြေ မကျူးကျော်ရ ဆိုသော ဆိုင်း ဘုတ်လာချိတ်ထားပြီး ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မပြောင်းရွှေ့လျှင် ဘူဒိုဇာဖြင့် ထိုးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက် ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။
ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၁၂ ရက်နေ့တွင် သာယာ အေးရွာသစ်တည်ထောင်ခြင်းနှင့် လယ်ယာမြေအဖြစ် ဥပဒေနှင့် အညီ မြေ နေရာချ ပေးရန် တင်ပြထားချက်ကို ခေါ်ယူရှင်းပြမည်ဟုဆိုပြီး အစည်း အဝေး ခေါ်ယူကာ ကျေးရွာကို ချက်ချင်း ဖျက်သိမ်းခိုင်းနေ ခြင်းဖြစ် ကြောင်း သိရှိရ သည်။
သာယာအေးကျေးရွာသစ် မြေနေရာကို ဖျက်သိမ်းရန်အတွင် ဇွန်လ ၁၀ ရက်နေ့ တွင် တစ်ကြိမ်၊ ဇွန်လ ၂၂ ရက်နေ့တွင် တစ်ကြိမ်၊ စက်တင်ဘာ ၁၂ ရက်နေ့ တွင် တစ်ကြိမ် မြို့နယ်အုပ်ချုပ်ရေးမှူးက စုစုပေါင်း ၃ ကြိမ်ခေါ်ယူ၍ ဖျက်သိမ်း ရန် ပြောဆိုခဲ့ပြီး ဒေသပြည်သူများက အသနားခံစာတင်ထားခဲ့ကြောင်း၊ အသနားခံ စာတင်ထားမှုအတွက် ပြန်စာ မရရှိသေး၍ ယခုကဲ့သို့ ဖျက်သိမ်းခိုင်း ခြင်း ဖြစ်ကြောင်း၊ ပြည်သူများက ဖျက်သိမ်းမည့် Notice စာ ယူလာရန် ပြောဆို သော်လည်း ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးက မပေးနိုင်ဟု သာပြန် လည်ပြောဆိုကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“စက်တင်ဘာလ ၁၂ ရက်နေ့ ခေါ်ပြောတုန်းက မြေတွေကို မြို့နယ် အုပ်ချုပ် ရေး မှူးက စစ်တပ် လက်နက်ထုတ် ကပစ( ၂၄ )ကို ၂၀၁၅ ခုနှစ်တုန်းက မြေတွေလွှဲ ပေးလိုက် ပြီဆိုပြီး ပြောတယ်။ မယုံရင် ဒီမှာအမိန့်စာကိုကြည့် ဆိုပြီးပြ တယ်။ အမှန်က ကပစ ၂၄ အမည် ကိုအလွဲသုံးစားလုပ် ပြည်သူ တွေ ကို နှင်ထုတ်ပြီး ရောင်းစားဖို့ လုပ်နေ ကြတာ။ စက်တင်ဘာလ ၁၄ ရက်နေ့ မှာ တော့ ကပစ ၂၄ ကို လွှဲပေးတယ်ဆိုပြီး ပြောခဲ့ပေမယ့် နိုင်ငံတော်ပိုင်မြေဆိုပြီး ဆိုင်းဘုတ်ကပ်တယ်။ Notice မကပ်ဘဲ ဆိုင်းဘုတ် ဗီနိုင်းလာကပ်တာ။ ကျနော် တို့ကလည်း နိုင်ငံတော်မြေမို့ နိုင်ငံသားဖြစ်လို့အသနားခံစာတင်တာ။ ဒီနေ့ ဖျက်ဖို့ လူစုနေတယ်ကြားတယ်။ ဘာတွေဖြစ်လာမလဲတော့ မသိရသေး ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ ပြည်သူများနေထိုင်သော ရပ်ကွက်၊ ကျေးရွာများကို ကျူးကျော်မြေဟုဆိုကာ လက်နက်ကိုင်စစ်တပ်များဖြင့် အတင်း အကျပ် အသုံးပြု ဖျက်ဆီးမှုများကို တောက်လျှောက်ဆိုသလို လုပ် ဆောင်နေကြာင်း သိရှိရသည်။