26.4 C
Yangon

အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းထိုင်ဆရာတော် တစ်ပါးနှင့် ကပ္ပိယတစ်ဦး ပွဲချင်းပြီး သေဆုံး

Must read

အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းထိုင်ဆရာတော် တစ်ပါးနှင့် ကပ္ပိယတစ်ဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျောင်းထိုင် ဆရာတော် တစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယ ၁ ဦး သေဆုံးသွားကြောင်း Indaw Revolution -IR က ပြောဆိုသည်။

စက်တင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ် က ခရမ်းစပ်ကုန်း ကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲချ သွားကြောင်း၊ ဗုံးကျဲချမှုကြောင့် ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ သက်တော် ၇၇ နှစ် ဝါတော် ၅၇ နှစ် ဗုံးထိမှန်၍ ပွဲချင်းပြီး ပျံလွန် တော်မူခဲ့ ကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဇရပ်ဆောင်နှင့် ကျောင်းမကြီးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“ကျဲမယ်လည်း မထင်ထားဘူးလေ။ ဗုံးလာကျဲချိန်မှာ ရှောင်ချိန်မရဘဲ ကျောင်းပေါ်ကျလာတာ။ ခရမ်းစပ်ကုန်းရွာကို လာကျဲတာ ။ ဘုန်းကြီးကျောင်းကို ထိသွားတာ”ဟု Indaw Revolution IR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက်တွင်လည်း အင်းတော် စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှု ကြောင့် ပြည်သူတစ်ဦး၏ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်စီး ခဲ့ ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article