Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ရဲစခန်းမှာ အကြမ်းဖက် စစ်တပ်က တပ်စွဲ ထားတဲ့ အချိန် စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေပွဲချင်းပြီး သေသွားည တဲ့အပြင် ၊ ၂ ဦးဒဏ်ရာ ရသွားပြီး ၊ ပစ်ခတ်ခဲ့တဲ့ တပ်သားဟာ သေနတ် ၂ လက်နဲ့အတူ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ဒေသပြည်သူတွေ နဲ့ ရဲသတင်းရင်းမြစ် တချို့ဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ၊ ခရမ်းစပ်ကုန်း- ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျောင်းထိုင် ဆရာတော် တစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယ ၁ ဦး သေဆုံးသွားတယ်လို့ Indaw Revolution -IR က ပြောထားပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က GTC ကျောင်းအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကား ၁ စီး နဲ့ ကင်းပုန်းတွေကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ စနိုက်ပါတွေ ၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး ဝန်းကျင် သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။