28 C
Yangon

ပြင်ဦးလွင်မြို့နယ် သာယာအေးရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ စစ်တပ်က အတင်း အဓမ္မ ဖျက်သိမ်း၊ အိမ်ထောင်စု ၄၀ ကျော် တောင်သူ မိသားစု ၂၅၀ ဦး အိမ်ခြေယာမဲ့ဖြစ်

Must read

ပြင်ဦးလွင်မြို့နယ် သာယာအေးရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ စစ်တပ်က အတင်း အဓမ္မ ဖျက်သိမ်း၊ အိမ်ထောင်စု ၄၀ ကျော် တောင်သူ မိသားစု ၂၅၀ ဦး အိမ်ခြေယာမဲ့ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက် ကျေးရွာအုပ်‎စု သာယာအေး ရွာသစ်ကို ကျူးကျော်နယ်မြေဟုဆိုကာ ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေခဲ့ရာမှ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ တွင် စစ်တပ်နှင့် ထွေ/အုပ်က အပြီးဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့နယ်၊ သာယာအေးရွာသစ်တွင် နေထိုင်သည့် ပြည်သူများမှာ ၁၉၈၈ ခုနှစ်ကတည်းက အဆိုပါ မြေနေရာတွင် ဓားမဦးချစိုက်ပျိုးကာ လယ် ယာ လုပ်ကိုင်၍ နေထိုင်ခဲ့ ကြ သူများ ဖြစ်ပြီး ကျူးကျော်နေထိုင်သူများ မဟုတ် ကြောင်း၊ သာယာအေး ရွာသစ် ကွင်းအမှတ် ၇၀၆-ခ ဦးပိုင်အမှတ် ၁၁ အတွင်း မြေဧရိယာ ၆၀ ဒသမ ၃၂ ဧကရှိပြီး လူဦးရေ ၂၅၀ ဦး၊ အိမ်ထောင်စု ၄၀ ကျော် နေထိုင်ကြ ကြောင်း၊ ယခုအခါ နိုင်ငံတော်ပိုင်မြေ မကျူးကျော်ရ ဆိုသော ဆိုင်း ဘုတ်လာချိတ်ထားပြီး ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မပြောင်းရွှေ့ လျှင် ဘူဒိုဇာဖြင့် ထိုးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက် ထား ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့တွင် အင်အားသုံး အိမ်ခြေများကို ဖျက်ဆီးခဲ့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

“အိမ်တွေအားလုံး ဖျက်သွားပါပြီ။ စစ်တပ်မြေ ဝင်ရောက်ကျူးကျော် နေထိုင် တဲ့ အတွက် မိနစ် ၃၀ အတွင်းဖယ်ရှားပေးရန်ဆိုပြီး အော်ပြီး ဖျက်တာ။

ကပ် ထား တော့ နိုင်ငံတော်ပိုင်မြေတဲ့။ ကျနော်တို့ထဲမှာ တိုက်အိမ်ဆိုလို့ တစ် လုံး ပဲရှိတာ။ အဲဒါ ငါတို့အမိန့်ပေးတာမဖျက်ရကောင်းလားဆိုပြီး ရစရာမရှိ အောင် ချေမွတာ။ ကျန်တဲ့အိမ်တွေအားလုံးလည်း အဖျက်ခံလိုက်ရတယ်။ ရွာဝင်လမ်း ကို သံဆူးကြိုးခပ်သွားပြီ။ မနေ့ ညနေ ၄ နာရီကျော်တော့ တောင် သူ တွေ ကကျန်တဲ့ပစ္စည်းသွားယူတော့ ဖုန်း ၂ လုံးကို စစ်တပ်က လုယူ သိမ်း တယ်။ နောက်ပြည်သူ ၂ ဦးကို စစ်သားက လက်သီးနဲ့ထိုးတယ်။ အမျိုးသမီး တစ်ဦးကိုလည်း ပါးရိုက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article