မုန်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်စစ်ကြောင်းက ပြည်သူ ၃ ဦးကို ဖမ်းဆီး ပြီး နေအိမ် ၁၂ လုံးကို မီးရှို့၊ ပြည်သူ ၁၆၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ စက်တင်ဘာ ၁၈
KNU −ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင် လေး ပင် ခရိုင် တပ်မဟာ ၃ ၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင် ရောက် လာပြီး ကျေးရွာအတွင်းရှိ ပြည်သူ ၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး စစ်ကြောင်းထိုးနေမှု ကြောင့် ကျေးရွာပြည်သူလူထုစုစုပေါင်း ၁၆၀၀ နီးပါးထွက်ပြေးတိမ်းရှောင် နေ ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ကေအဲန်ယူ−မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ငထွေစုတ်ကျေးရွာ အတွင်းသို့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ် သား များ ဝင်ရောက်လာကြောင်း၊ ကျေးရွာအတွင်း မပြေးနိုင်ဘဲ ကျန်ရစ်နေသူ ပြည်သူ ၈ ဦး အနက် အသက် ၆၀ အရွယ် နော်ဒိုဂေ၊ အသက် ၅၀ အရွယ် နော် ဒိုင်ရီစိုး ၊ အသက် ၃၀ အရွယ် မမြသန်းစိန်တို့မှ ဖမ်းဆီးခံလိုက်ရကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင် စီ တပ်များက ငထွေ စုကျေးရွာနှင့် မျက်ရဲကျေးရွာများအတွင်းသို့ စစ်ကြောင်း ထိုးဝင် ရောက်ပြီး တပ်စွဲထားသဖြင့် ရေလဲကရင်ရွာ နှင့် ရေလဲဗမာရွာမှ အိမ် ခြေ စုစုပေါင်း ၁၉၂ လုံးမှ ပြည်သူ ၁၅၃၄ ဦးမှာ အသက် ဘေးလွှတ် ရာသို့ ထွက် ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။
ထို့အပြင် ရန်မျိုးအောင်ရွာ နှင့် တမောမရွာရှိ နောက်ထပ် အိမ်ခြေ ၁၂ လုံးမှာ လည်း ရေဘေးအန္တရာယ် ကြုံ တွေ့နေရပြီး လူဦးရေ စုစုပေါင်း ၇၀ မှာ စားဝတ် နေရေး အခက်အခဲရင်ဆိုင်နေရကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များက ကျေးရွားများအတွင်း ဝင် ရောက် တပ်စွဲထားသည့်အတွက် ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင် နေရ ကြောင်း၊ ရွာသူရွာသားများ စိုက်ပျိုးထားသော လယ်ကွက် များ အတွင်း ကျွဲနွား များ ဝင်ရောက်ကာ စားသောက်ကြသဖြင့် ရွာသူရွာသားများ ပိုင်ဆိုင်သော သီးနှံ စိုက်ခင်းများမှာ ပျက်စီးဆုံးရှုံးနေရကြောင်း သိရသည်။
မိုးတွင်းကာလဖြစ်သည့်အလျောက် ထွက်ပြေးတိမ်ရှောင်နေရသော ပြည်သူ များမှာ အခြေခံ စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ အမိုးအကာများ မလုံလောက် သည့် ပြသနာများနှင့် ရင်ဆိုင် ကြုံတွေ့ နေရပြီး အရေးပေါ်လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း၊ ကူညီထောက်ပံ့ လိုသော ပြည်သူများ အနေ ဖြင့် မုန်းမြို့နယ်ကရင်အရေးပေါ် ကူညီ ကယ်ဆယ် ရေး အဖွဲ့ သို့မဟုတ် ကေအဲန်ယူ−သတင်းနှင့်ပြန်ကြားရေးဗဟိုသို့ ဆက်သွယ် ကူညီနိုင်ကြောင်း KNU ဗဟိုက ထုတ်ပြန်အသိပေးထားသည်။
Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးမှုများ။
