25 C
Yangon

ပုလဲမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် လှည်း ၁ စီး သိမ်းဆည်းရရှိ

Must read

ပုလဲမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် လှည်း ၁ စီး သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပုလဲမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် လှည်း ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း ၇ Royal Eagle PDF တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပုလဲမြို့မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အင်ကြင်းစုကျေးရွာ အရှေ့ဘက် တောအုပ်အရောက်၌ ပုလဲဗျူဟာ စစ်ကြောင်း နှင့် မဟာမိတ်ပူး ပေါင်း အဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပုလဲမြို့နယ် အင်မထီးပျူရွာစခန်းမှ ကန်းဒေါင့်နယ် မြေရဲစခန်းကို ရိက္ခာသယ်ရန် ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော လှည်းတန်းကို အင်မထီးရွာ နှင့် ဆူးပုတ်ကုန်းရွာ အကြားတွင် ယင်းမာပင်ခရိုင်တပ်ရင်း ၇ Royal Eagle PDF က တိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုကိရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ခြေပြတ်ကာ ကျန် ၂ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။

အဆိုပါ လှည်းတန်းသည် ရိက္ခာများ တင်ဆောင်ပြီး အင်မထီးပျူရွာကို ပြန်လာစဥ် ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ပုလဲဗျူဟာစစ်ကြောင်း နှင့် မဟာမိတ်ပူးပေါင်း အဖွဲ့များက ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ခါးချိုးသေနတ် ၁ လတ်၊ ကျည် ၄၈ တောင့် ၊ လှည်း ၁ စီး ၊ နွား ၁ ကောင် ၊ ဆန်အိတ်၂ တို့ သိမ်းဆည်းရရှိ ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ပုလဲဗျူဟာ စစ်ကြောင်းဖြစ်သည့် ယင်းမာပင်ခရိုင်တပ်ရင်း ၇ Royal Eagle PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ ဒေါင်းနက် နှင့် ယင်းမာပင်ခရိုင်တပ်ရင်း ၁၂ Guerilla Ranger တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း Royal Eagle PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article