28 C
Yangon

မြိုင်မြို့နယ်၊ ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာအတွင်းမှ စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာအတွင်းမှ စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၉

မြိုင်မြို့နယ်၊ ကမ္မရဲစခန်းရှေ့ရှိ ဘန်ကာအတွင်းနေထိုင်သော အကြမ်းဖက်စစ်သားများကို စနိုက် ပါဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက် ညနေ ၆ နာရီ ၂ မိနစ်ခန့်က အဆိုပါ အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာ ကွယ်ရေးစနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ ကြောင်း၊ အလားတူ စက်တင်ဘာလ ၁၂ ရက် နေ့လည် ၁၁ နာရီ ၂၂ မိနစ်မှ ၅၃ မိနစ်ကြား ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၁ -တပ်ခွဲ ၁ ၊ မြစ်ခြေ-ကျွန်းချောင်းကာကွယ်ရေး တပ် ဖွဲ့ (MCKCDF) ၊နှင့် ကမ္မတပ်ပေါင်းစုအဖွဲဝင်များဖြစ်သော ကမ္မကာကွယ်ရေးတပ်ဖွဲ(KMDF) ၊ ကမ္မပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ (PDF-Kamma ) တို့ အတူတကွပူးပေါင်းကာ စနိုက်ပါဖြင့် ၁၁ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article