28 C
Yangon

မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ လောင်းလုံးနှင့် မြိုင်တို့တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် တပ်စွဲထားသောနေရာများကို တိုက်ခိုက်

Must read

မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ လောင်းလုံးနှင့် မြိုင်တို့တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် တပ်စွဲထားသောနေရာများကို တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အညွန့်ရွာမှ ပေါက်တော အရှေ့ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက် နေ့က မြောင်မြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းသည် အညွန့်ကျေးရွာမှ ပေါက်တောအရှေ့ရွာဘက်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များမှ မိုင်း ၄ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အင်အားက ၂၀၀ လောက်ရှိတယ်၊ သူတို့ဝင်လာတော့ ရွာထဲလူတွေ အကုန်ရှောင်နေရကြတာ၊ ပြည်သူ တစ်ယောက်ကိုတော့ ဖမ်းခေါ်သွားတယ်၊ ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ သိမ်ကျောင်းထဲက ဆန်တွေ၊ ဆီ တွေ၊ ကြက်သွန်အိတ်တွေအကုန်မီးရှို့သွားတာ၊ ရွာထဲက အိမ်တွေတော့ မရှို့ဘူး၊ ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးရှိပေမယ့် သူတို့ဝင်လာတော့ ဘုန်းကြီးပါရှောင်နေကြရတာ” ဟု မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့- MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးမှ ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း – ၄ (Myaung Special People Defence Force) ၊ မန္တလေးခရိုင် တပ်ရင်း ၅၊ မန္တလေး ခရိုင်တပ်ရင်း၆ နှင့် မြင်းခြံခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ပေါက်တောကျေးရွာအတွင်း ဝင်ရောက်သွားပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါက်တောအနောက်ရွာရှိ သိမ်းကျောင်းဆောင်အပါအဝင် သိမ်းကျောင်းအတွင်းရှိ ဘုန်း ဆန်အိတ် ၂၅၀ ၊ ဆီ ပိဿာ ၅၀ ၊ ကြက်သွန်အိတ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကိုလည်း ဖမ်း ဆီးသွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ယခုအခါ မရိုးကုန်းကျေးရွာ၌ တပ်စွဲထားကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာနှင့် သဗျာကျေးရွာရှိ လမ်းပိုင်းတစ်နေရာတွင် ထားဝယ်ဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်တပ်ဝင်များ ပါလာသော အိမ်ကား ၁ စီးကို စက်တင်ဘာ ၁၉ ရက်နေ့တွင် အသင့်ကြိုစောင့်ပြီး လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team – DDT ထံမှ သိရှိရသည်။

အဆိုပါ အိမ်စီးကားတွင် လောင်းလုံးမြို့မ(စရဖ) ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၄ ဦးခန့်ပါဝင်ပြီး စစ်သားဘက်မှ ပြန်လည်ခုခံချိန်မရဘဲ ကားမောင်းပြေးသွားခဲ့၍ ထိခိုက်ကျဆုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရှိရသည်။

“ထားဝယ်ကနေ စရဖရုံးက ဗိုလ်ကြီးဆင်းလာမယ်ဆိုတာသတင်းရထားလို့ သွားစောင့်ပြီး ပစ်ခတ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က ရဲဘော်လေးယောက်၊သေနတ်လေးလက်နဲ့ မနားတမ်းပစ်တယ်။ ကားလမ်းဘေးထိုးကျသလိုဖြစ်ပြီး တခါတည်းမောင်းပြေးသွားပါတယ်။ သူတို့ဘက်က တစ်ချက်မှ ပစ်ချိန်မရလိုက်ပါဘူး” ဟု Dawei Defense Team- DDT မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ(၃) (ထားဝယ်- ပကဖ)၊ Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုမှာ ပြည်သူများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံး၊ စစ်တပ်ဂိတ်နေရာများနှင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းတို့ကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၀ တပ်ရင်းထံမှ သိရ သည်။

စက်တင်ဘာလ ၁၆ ရက် နေ့လည် ၁၁ နာရီခန့်ကစတင်ပြီးမြိုင်မြို့နယ်၊ ကံကြီးတော အနောက်ရွာသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို Fixed Wings ၂ စီးဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊အလား တူ စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီခန့်က မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံး၊ စစ်တပ်ဂိတ်နှင့် စိမ်းစို တော နေရာတို့ကို Fixed Wings ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၀ တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း (MVRF)၊ N-Yso ပြောက်ကျားတပ်ဖွဲ့ နှင့် Kingsman UG Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article