28 C
Yangon

မင်းကင်းတွင် စစ်သင်္ဘောတိမ်းမှောက်မှု ညွှန်ကြားရေးမှူး ၁ ဦး၊ ရေတပ်သား ၅ ဦး ၊ ပျူစောထီးမိသားစုဝင်များ အပါအဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂ ဦးသာ လွတ်မြောက်

Must read

မင်းကင်းတွင် စစ်သင်္ဘောတိမ်းမှောက်မှု ညွှန်ကြားရေးမှူး ၁ ဦး၊ ရေတပ်သား ၅ ဦး ၊ ပျူစောထီးမိသားစုဝင်များ အပါအဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂ ဦးသာ လွတ်မြောက်

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းတွင် စစ်သင်္ဘောတိမ်း မှောက်မှုကြောင့် ညွှန်ကြားရေးမှူး ၁ ဦး၊ ရေတပ်သား ၅ ဦး၊ ပျူစောထီး မိသားစု ဝင်များ၊ Non-CDM ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အပါ အဝင် လူဦးရေ ၁၀၀ ဦးကျော် သေဆုံးခဲ့ကြောင်း အဆိုပါဒေသတွင် လှုပ်ရှားနေ သော ဒေသတော်လှန်ရေးအဖွဲ့ဖြစ်သည့် ကျောင်းသား တော်လှန် ရေး တပ်ဖွဲ့ (S.R.F)၏ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ချင်းတွင်းမြစ်​အတွင်း မောက္ကထော်အောက် ဘက် ရှဲနတ်တောင်ခြေအနီး၌ စစ်သင်္ဘောတန်းမှ အမြန်ရေယာဥ်တစ်စီး တိမ်းမှောက်မှု့ဖြစ်ပွားခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့် ဝန်းကျင် မင်းကင်းမြို့နယ်၊ ပန်းဆက်(ပျူ)ရွာမှ စုန်ဆင်း လာသော ကျောက် စိမ်း တင် အကြမ်းဖက်စစ်တပ် သင်္ဘော ၁၂ စီးအနက် တစ်စီးသည် ပန်းဆက် (ပျူ)ရွာ မှ လှည့်အထွက် သောင်ခုံ ပေါ်ဘေးတစ်ခြမ်းတင်ကာ တိမ်းစောင်း နစ်မြှုပ်သွားကြောင်း၊ သင်္ဘော ပေါ်ပါ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနှင့် ကျောက်စိမ်းများပါ ရေထဲ နစ်မြှုပ်ထိခိုက် သေကြေပျက်စီးမှုများရှိကြောင်း သိရသည်။

ရေယာဥ်နစ်မြုပ်မှုကြောင့် ညွှန်ကြားရေးမှူး နှင့်တကွ ရေတပ်သား ၅ ဦး၊ Non-CDM ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပျူစောထီး မိသားစု ဝင်များ အပါအဝင် စုစုပေါင်း(၁၀၀)ကျော်ခန့် သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီး အလက် ၂၀ခန့်နှင့် ကျောက်တန်ချိန် ၁၀၀ခန့်လည်း နစ်မြုပ် သွား ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရေယာဉ် နစ်မြုပ်မှုမှ ပျူစောထီးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသာ လွတ်မြောက်ခဲ့ပြီး လွတ်မြောက်လာသော ပျူစောထီးမှာ တောင်ဖြူရွာမှ ပျူစောထီးခေါင်းဆောင် နိုင်ဝင်းဇော်ဖြစ်ကာ လက်ကျိုးသွားသဖြင့် ဆေးကု သမှု ခံယူနေကြောင်း သိရှိရပါသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းသွားလာရင်း မြစ်ကမ်းဘေးနှစ်ဖက်ရှိ ပြည်သူများ၏နေအိမ်များကို ပစ်ခတ်မှုများ လုပ် ဆောင် ခဲ့ကြောင်း၊ ယင်းကဲ့သို့ အရပ်သားပြည်သူများကို စစ်သင်္ဘောအုပ်စု က ပစ် ခတ်ရင်း သင်္ဘောနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ချင်းတွင်းမြစ်အတွင်းသွားလာနေသော စစ်သင်္ဘောတစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

ချင်းတွင်းမြစ်အတွင်းသွားလာနေသော စစ်သင်္ဘောတစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article