29 C
Yangon

မြန်မာရေတပ်ထံသို့ ဆိုနာစနစ် တရားမဝင်ရောင်းချခဲ့သည့် စင်ကာပူ ကုမ္ပဏီ ကို တရားရုံးက ဒေါ်လာ ၁ ဒဿမ ၁ သန်းကျော်ဒဏ်ရိုက် ၊ ကုမ္ပဏီ ဒါရိုက်တာ နှင့် အရောင်း မြှင့်တင်ရေး ဝန်ထမ်း ကိုလည်း ဒဏ်ငွေများ အသီးသီးချမှတ်

Must read

မြန်မာရေတပ်ထံသို့ ဆိုနာစနစ် တရားမဝင်ရောင်းချခဲ့သည့် စင်ကာပူ ကုမ္ပဏီ ကို တရားရုံးက ဒေါ်လာ ၁ ဒဿမ ၁ သန်းကျော်ဒဏ်ရိုက် ၊ ကုမ္ပဏီ ဒါရိုက်တာ နှင့် အရောင်း မြှင့်တင်ရေး ဝန်ထမ်း ကိုလည်း ဒဏ်ငွေများ အသီးသီးချမှတ်

ရန်ကုန် ၊ စက်တင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်မှာ အသုံးပြုနေသည့် ဆိုနာစနစ် ကို တရား မဝင် ရောင်းချခဲ့တဲ့ စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီ Hydronav Services ကို တရားရုံးက စင်ကာပူဒေါ်လာ ၁ ဒဿမ ၁ သန်း ဒဏ်ငွေချ မှတ်ခဲ့ တယ်လို့ စင်ကာပူ The Straits Times သတင်းဌာနက သတင်းဖော်ပြပါတယ်။

စင်ကာပူ တရားရုံးက မြန်မာရေတပ်ကို ဆိုနာစနစ်ရောင်းချပေးတဲ့ Hydronav Services ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ဒါရိုက်တာ နဲ့ အရောင်းမြှင့်တင်ရေး ဝန် ထမ်း ကိုလည်း စင်ကာပူဒေါ်လာ ရှစ်သောင်း ဒဏ်ငွေချမှတ်ခဲ့တယ်လို့ စက် တင် ဘာလ ၁၉ ရက် အင်္ဂါနေ့ထုတ် The Straits Times သတင်းမှာ ဖော်ပြ ပါရှိ ပါတယ်။

သူတို့နှစ်ဦးဟာ စင်ကာပူအခြေစိုက် Hydronav Services ကုမ္ပဏီရဲ့ အသက် ၅၇ နှစ်အရွယ် အရောင်းမန်နေဂျာ Poiter Agus Kentjana နဲ့ အသက် ၇၀ နှစ် အရွယ် ကုမ္ပဏီဒါရိုက်တာ Wui Ong Chuan တို့ပဲ ဖြစ်ပါတယ်။

တရားရုံးက ကုမ္ပဏီဒါရိုက်တာ Wui Ong Chuan ကို ဒဏ်ငွေ လေးသောင်းငါး ထောင် ချမှတ်ခဲ့တာဖြစ်ပြီး အရောင်းမန်နေဂျာ Poiter Agus Kentjana ကိုတော့ ဒဏ်ငွေ သုံးသောင်းငါးထောင် ချမှတ်ခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ လက်နက်နဲ့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းရောင်းချမှု ထိန်းချုပ်ရေး ဥပဒေကို ချိုးဖောက်ပြီး တရားမဝင်ရောင်းချခဲ့တာဖြစ်ကြောင်း သြဂုတ် ၂၅ ရက်နေ့က တရားရုံးမှာ ဝန်ခံခဲ့တာဖြစ်ပါတယ်။

Hydronav Services ကုမ္ပဏီက မြန်မာကုမ္ပဏီ Light of Universe ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်း (စင်ကာပူဒေါ်လာ ၂ သန်းခန့်) နဲ့ ရောင်းချခဲ့တဲ့ ရေအောက် ဆိုနာစနစ်မှာ ပင်လယ်ကြမ်းပြင်မြေပုံ အမှတ် အသားပြုလုပ်နိုင်တဲ့ multi-beam echo sounder စနစ်ပါရှိပါတယ်။ လက်ရှိမှာ အဲဒီဆိုနာစနစ်ကို မြန်မာ့ရေပိုင်နက်အတွင်းမှာအသုံး ပြုနေ တာလည်းဖြစ်ပါတယ်။

အဆိုပါ စနစ်ကို အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ကြောင်း သတ်မှတ်ဖော်ပြထားပေမဲ့ စစ်ရေးအတွက်အသုံးပြုမှာ ဖြစ်ကြောင်း အ‌ထောက် အထားတစ်စုံတရာ ပြောကြားထားခဲ့တာ မ‌‌တွေ့ခဲ့ရဘဲ မြန်မာရေတပ်က ဝယ် ယူ သွားတာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးဟာ နည်းပညာ ထုတ်လုပ်သူ နော်ဝေကုမ္ပဏီ Kongsberg Maritime ဆီက အဆိုပါစနစ်ကို ဝယ်ယူချိန်မှာ အင်ဒိုနီးရှား ကုမ္ပဏီ Bina Nusantara Perkasa အတွက် ဝယ်ယူတာဖြစ်ကြောင်း လှည့်ဖျားခဲ့တယ်လို့ သိရပါတယ်။

အရောင်းတာဝန်ခံ Poiter ဟာ နော်ဝေအာဏာပိုင်တွေဆီက လျှောက် ထားရာ မှာ ဆိုနာစနစ်ကို နောက်ဆုံးအသုံးပြုမယ့်သူဟာ အင်ဒိုနီးရှားကုမ္ပဏီ ဖြစ်တယ် လို့ လိမ်လည်စာရင်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။

အရင်က အဆိုပါစနစ်ကို အသုံးပြုမယ့်သူနေရာမှာ “မြန်မာ့ရေတပ်” ကို စာရင်း သွင်းထားတဲ့ လျှောက်လွှာနှစ်စောင်ကို နော်ဝေအာဏာပိုင်တွေက ပယ်ချခဲ့ တာကြောင့် နောက်တစ်ကြိမ်မှာ နော်ဝေအာဏာပိုင်တွေ လက်ခံဖူးတဲ့ အင်ဒိုနီး ရှားလုပ်ငန်းတစ်ခုကို လိမ်ညာထည့်သွင်းခဲ့တာကို Poiter က ဆိုပါတယ်။

နောက်ဆုံးမှာ နော်ဝေကနေ စင်ကာပူကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အဆိုပါစနစ် ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ မြန်မာကို တရားမဝင် တင်ပို့ ခဲ့တာ လို့သိရပါတယ်။

အဆိုပါ တရားမဝင် တင်ပို့ရောင်းချမှုကို စင်ကာပူ အကောက်ခွန်ရုံးက တိုင်ကြား ခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ Hydronav Services ကုမ္ပဏီကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ- မြန်မာစစ်တပ်ထံ ရေတပ်သုံး ဆိုနာစနစ် ရောင်းချလို့ ဒဏ်ငွေချ မှတ်ခံရတဲ့ ကုမ္ပဏီပိုင်ရှင် နဲ့ အရောင်းမြှင့်တင်ရေး စင်ကာပူနိုင်ငံသားနှစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article