25 C
Yangon

တနင်္သာရီရှိ ဗောဓိကမ်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၂ ပါး ဒဏ်ရာရ

Must read

တနင်္သာရီရှိ ဗောဓိကမ်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၂ ပါး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဗောဓိကမ်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၂ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ တပ်ရင်းက ဗောဓိကမ်းရွာရှိ ရတနာဗောဓိဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး​ကျရောက် ပေါက်ကွဲမှုကြောင့် ရတနာဗောဓိရွာ၌ သီတင်းသုံးနေသည့် သက်တော် ၄၀ ကျော် သံဃာတော်တစ်ပါးနှင့် သက်တော် ၃၀ ဝန်းကျင်ရှိ သံဃာတော်တစ်ပါးတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ထိခိုက် ဒဏ်ရာရရှိသော သံဃာတော် နှစ်ပါးသည် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ၌ ‌ဆေးကုသမှုခံယူနေ​ကြောင်း၊ ဇဝဲရွာအခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၆ တပ်ရင်းကလည်း ဖာနီရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင်လည်း မော်တုံးအ‌ရှေ့ရွာအခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၆ က မရင်းကြီးရွာထဲကို လက်နက်ကြီး ၄ လုံးခန့်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်ပြီးနောက် အမတ ၃၀၆ တပ်ရင်းရှေ့ရှိ စစ်ဆေးရေးဂိတ်က ခရီးသွားကားများကို မိနစ်အနည်းငယ်လမ်းပိတ်ထားခဲ့​ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီခန့်တွင် တနင်္သာရီမြို့ပေါ်ရှိ လေသာတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အရှေ့ဘန်လောရွာထဲကို လက်တက်ကြီး ၆ လုံး ပစ်ထည့်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေး​ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ရတနာဗောဓိဘုန်းကြီးကျောင်းအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article