25 C
Yangon

ကောလင်းတွင် စစ်တပ်က ရိုက်နှက်မှုကြောင့် အမျိုးသမီး ၁ ဦး အရေးပေါ် ဆေးကုသမှု ခံယူနေရ၊ မြင်းခြံတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးပြီး ရွှေထည် ပစ္စည်းများကို လုယက် ယူဆောင်သွား

Must read

ကောလင်းတွင် စစ်တပ်က ရိုက်နှက်မှုကြောင့် အမျိုးသမီး ၁ ဦး အရေးပေါ် ဆေးကုသမှု ခံယူနေရ၊ မြင်းခြံတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးပြီး ရွှေထည် ပစ္စည်းများကို လုယက် ယူဆောင်သွား

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရွှေအိပ်မက် KTV တွင် အကြမ်းဖက်စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံ ရပြီးနောက် အနီးအနားဝန်းကျင်ရှိ ပြည်သူများကိုကို အကြမ်းဖက်စစ်သားများက ရိုက်နှက်နှိပ်စက်ခဲ့ရာ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူနေရကြောင်း Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ကောလင်းမြို့ပေါ်ရှိ ရွှေအိပ်မက် KTV ၌ အကြမ်းဖက်စစ်သားများ သောက်စားမူးယစ်ပျော်ပါးနေစဉ် ကောလင်းခရိုင်တပ်ရင်း ၁ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ် သားများမှ အနီးအနားရှိ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ဦးခေါင်း၊ ကျော တို့ တွင် အပြင်းအထန်ဒဏ်ရာရရှိပြီး မန္တလေးသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးဝါးကုသနေရကြောင်း သိရ သည်။

“ရိုက်နှက်ခံရတာက ၇ ယောက်လောက်ရှိတယ်၊ ကျန်တဲ့သူတွေက ဒဏ်ရာက သိပ်မပြင်ဘူး၊ သူက ကျော၊ ခေါင်းတွေမှာ ဒဏ်ရာပြင်းလို့ မန္တလေးကို ပို့ပြီး ဆေးကုနေရတယ်၊ စစ်သားတွေက သေနတ် ဒင်နဲ့ ထုထားတဲ့တာပါ၊ အဲဒီနေ့က အကုန်လုံးဆိုရင် ၇ ယောက်လောက်ရှိတယ်၊ ရိုက်နှက်နှိပ်စက်ခံရတာ” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မကျီးစုရွာမှ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာသားများကို ဖမ်းဆီးကာ ရွှေထည် ပစ္စည်းများကို လုယက် ယူဆောင်သွားကြောင်း နွားထိုးကြီး သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဘလဲ့ကျေးရွာရှိ တောကျောင်းမှ စစ်ကြောင်းထိုးလာသည့် အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မန်ကျီးစုကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

မန်ကျီးစုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာ အရှေ့ပိုင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို မွန်းလွဲ ၁ နာရီခန့်၌ မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ရွာလုံးရှိ ပြည်သူများကို မန်ကျီး ကျေးရွာဘုန်းကြီးကျောင်းကို ခေါ်ပြီး ရိုက်နှက် စစ်ဆေးပြီး မိန်းကလေးများ၏ နားကပ်များကို ချွတ်ယူသွား​ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထားသော ပြည်သူများကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မန်ကျီးစုနှင့် ရွာသာယာ အကြားတွင် ထားခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွာသာယာ ရွှေဟင်းသာကျောင်း၌ တပ်စွဲထားကြောင်း သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article