27 C
Yangon

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းနေသဖြင့် KNU ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်များဖြင့် အစားထိုး အုပ်ချုပ်နေပြီဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြော

Must read

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းနေသဖြင့် KNU ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစနစ်များဖြင့် အစားထိုး အုပ်ချုပ်နေပြီဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြော

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းနေသဖြင့် KNU အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်ဖြင့် အစားထိုး အုပ်ချုပ်နေပြီဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစော တောနီး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်တချို့ရှိနေပြီး အခြားသော လက်နက်ကိုင် အဖွဲ့များလည်း ရှိနေကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား မှာ လုံး၀ ပြိုလဲပျက်စီးသွားသဖြင့် ရာဇဝတ်မှုများ များပြားလာကြောင်း၊ ပြည်သူ များ၏ တောင်းဆိုချက်များအရ KNU ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်တို့ အစားထိုး ဝင်ရောက် အုပ်ချုပ်ရခြင်းဖြစ်ကြောင်း၊ အခြားသော လက် နက် ကိုင်အဖွဲ့များနှင့်လည်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ဘုရားသုံးဆူမြို့ထဲမှာ စကစ တပ်တွေကလည်း ရှိတယ်။ အခြားလက် နက်ကိုင်အဖွဲ့တွေကလည်းရှိပါတယ်။ PC တို့ DKBA တို့ မွန်ပြည်သစ် ပါတီ၊ BGF တို့လည်း ရှိပါတယ်။ အဲဒီလိုရှိနေတဲ့အထဲမှာ စကစရဲ့ အုပ်ချုပ်ရေးက လုံး၀ ပျက်စီးသွားပြီ။ အဲဒါကြောင့်မို့လို့ နောက်ဆက်တွဲ ပြဿနာက ဘာဖြစ် လာလဲ ဆိုတော့ မြို့က အုပ်ချုပ်ရေးမရှိတော့ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ ခိုးဆိုးလုယက်မှုတွေ အမြဲတမ်းဖြစ်လာတဲ့အခါမှာ လူထုက တောင်းဆိုလာ တယ်။ အထူးသဖြင့် KNU ဆီကိုပေါ့။ KNU မှာက လက်ရှိ အုပ်ချုပ်ရေးစနစ် ရော၊ တရားစီရင်ရေး စနစ်ရော ဘယ်လိုပြောမလဲဆိုတော့ ကိုယ်လက်အင်္ဂါ အစုံရှိ တယ်လေ။ ရဲဆိုလည်း ရဲစခန်းနဲ့ အချုပ်နဲ့ အဲဒါမျိုးတွေက ကျနော်တို့ ဆီမှာ အကုန်လုံးရှိတဲ့အခါကျတော့ မြို့အုပ်ချုပ်ရေး အစားထိုးလိုက်တယ်လို့ ပြောလို့ရပါတယ်။ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး လုပ် ဆောင်နေတာတော့ မှန်တယ်။ ဒါပေမယ့် အခြားလက်နက်ကိုင်အဖွဲ့ တွေက သိတဲ့အတိုင်းပဲ သူတို့မှာ အုပ်ချုပ်ရေးစနစ်နဲ့ တရားစီရင်ရေး စနစ် ဘာမှ ဟုတ် တိ ပတ်တိမရှိဘူး။ အဲဒီမှာ KNU အတွက်က အဆင်သင့်လို့ပဲ ပြောရမ လား ။ အဲဒီလိုဖြစ်သွားတယ်။ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် စကစ တပ်တွေက လည်း မရုပ်သေးပါဘူး။ မြို့ထဲတည့်တည့်မှာ တော့ စကစ တပ်တွေ မရှိပေမယ့် ရပ်ကွက်တစ်ခုနဲ့ ကပ်လျက်မှာ ရှိနေတယ်။ ဒါပေမယ့် စကစ တပ်တွေက အပြင် လည်း မထွက်ရဲတော့ဘူး။ မြို့ထဲမှာလည်း လုံး၀မရှိတော့ဘူးဆိုတော့ မြို့ အုပ် ချုပ် ရေးက KNU အုပ်ချုပ်ရေး လုံးလုံးဖြစ်သွားတယ်လို့ ပြောလို့ရ တာပေါ့” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြော ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးက လက်ရှိတွင် စစ်ကောင်စီတပ်များကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ တိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီတပ်၏ စစ်စခန်း များကိုလည်း တောက်လျှောက်ဆိုသလို တိုက်ခိုက် သိမ်းပိုက် လျက်ရှိ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article