28 C
Yangon

ဆားတောင်မိုးကြိုး PDF တပ်အဖွဲ့အတွက် စက်သေနတ်တစ်လက် ဝယ်ယူ နိုင်ရေး ရန်ပုံငွေကံစမ်းမဲလက်မှတ်များ ရောင်းချ

Must read

ဆားတောင်မိုးကြိုး PDF တပ်အဖွဲ့အတွက် စက်သေနတ်တစ်လက် ဝယ်ယူ နိုင်ရေး ရန်ပုံငွေကံစမ်းမဲလက်မှတ်များ ရောင်းချ

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းအခြေပြုထားသည့် ဆားတောင်မိုးကြိုး PDF တပ်ဖွဲ့အတွက် စက်သေနတ်တစ်လက်ဝယ်ယူနိုင်ရေးအတွက် ကံစမ်းမဲလက်မှတ်များ ရောင်းချ နေပြီး ပြည်သူများအနေဖြင့် ရန်ပုံငွေ ကံစမ်းမဲ လက်မှတ်များ ဝယ်ယူပါဝင် ကြရန် ဆားတောင်မိုးကြိုး PDF အဖွဲ့က မေတ္တာရပ်ခံပြောဆိုလိုက်သည်။

ရန်ပုံငွေကံစမ်းမဲလက်မှတ်များကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မဲဖောက်ပေးသွားမည်ဖြစ်ပြီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၅ သိန်းကျပ်၊ တတိယဆု ၂၅၀၀၀၀ ကျပ် ရရှိမည်ကြောင်း၊ နှစ်သိမ့်ဆုများအဖြစ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အင်္ကျီအထည် ၃၀ ၊ ထမင်းပေါင်းအိုး ၂ လုံးနှင့် ပန်ကာ ၃ လုံး မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း ဆားတောင်မိုးကြိုး PDF အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

ကံစမ်းမဲ လက်မှတ် တစ်စောင်လျှင် မြန်မာငွေကျပ် ၁၀၀၀၀ ၊ ထိုင်းဘတ် ၁၀၀ ၊ မလေးရှားရင်းဂစ် ၂၀ သတ်မှတ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ဆားတောင်မိုးကြိုးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ Facebook စာမျက်နှာ https://www.facebook.com/profile.php?id=100079883213463 တွင် သွားရောက်ဝယ်ယူနိုင်ကြောင်း၊ ပြည်ပရောက် မြန်မာများအနေဖြင့် အနာဂတ် အလင်းရောင် (မလေးရှား၊ ထိုင်း၊ စင်ကာပူ) စုပေါင်းထောက်ပို့အဖွဲ့၏ ထိုင်း တာဝန်ခံ ကိုနေထက်ပိုင် ဖုန်း ၀၉၉၃၄၈၃၅၁၂ ၊ မလေးရှားတာဝန်ခံ မမီ (ခေါ်) မာမီ ဖုန်း ၀၁၁၆၁၀၆၂၂၃၀ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article