32 C
Yangon

စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေသည့် ခရိုနီ အောင်မိုးမြင့်ပိုင်ဆိုင်သော တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်

Must read

စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေသည့် ခရိုနီ အောင်မိုးမြင့်ပိုင်ဆိုင်သော တောင်ဥက္ကလာပမြို့နယ်ရှိ ကုမ္ပဏီရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းရှိ စစ်တပ်အတွက် လက်နက်ပွဲစား လုပ်နေသည့် ခရိုနီ အောင်မိုးမြင့်ပိုင်ဆိုင်သော ကုမ္ပဏီရုံးခန်း ကို ၄၀ မမ ဗုံးသီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း Urban Special Operation (U.S.O) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၃၃ မိနစ်အချိန် တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာလမ်းရှိ ခရိုနီ အောင်မိုးမြင့် ပိုင်ဆိုင်သော ရုံးကို စစ်ဆင် ရေးအနေဖြင့် ၄၀ မမ ဗုံးသီးဖြင့် သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ သည်။

ထိုသို့ တိုက်ခိုက်ရခြင်းမှာ ခရိုနီ အောင်မိုးမြင့်သည် စစ်တပ်အတွက် လက်နက် ပစ္စည်းများ၊ လေယာဉ်ဆီများကို ပြည်ပမှ တင်သွင်းကူညီပေးနေကြောင်း၊ အတွင်းဖရဲသီးများ၏ သတင်းပေးပို့မှု အကူအညီဖြင့် အဆိုပါရုံးကို သတိပေး တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီကို ကူညီနေသော အကြမ်းဖက်ခရိုနီ များပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို စစ်ရေးပစ်မှတ် အဖြစ် စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

“မနေ့ည ၇ ခွဲလောက်က တောင်ဥက္ကလာ ၇ ရပ်ကွက်ထဲမှာ ဗုံးပေါက်ကွဲသံ အကျယ်ကြီးပဲ ၂ ချက်ကြားလိုက်ရတယ်။ အသံကလည်း အတော်ကို ကျယ် တာ” ဟု တောင်ဥက္ကလာပမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောသည်။

Justice for Myanmar ( JFM)က ခရိုနီအောင်မိုးမြင့်ကို အသက် ၃၀ အထက် မသမာသူများ” စာရင်းရှိ “သရော်ရှုတ်ချခံများ” စာရင်းတွင် ထည့်သွင်းထားပြီး အောင်မိုးမြင့်သည် Dynasty Group of Companies တည်ထောင်သူ ဖြစ် ကြောင်း ၊ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေကို သတ်ဖြတ်ရာတွင် အသုံးပြုသည့် စစ်လက်နက်များ ဝယ်ယူရန် ညှိနှိုင်းဆောင်ရွက်မှုကြောင့် ဘယ်လာရုစ် အစိုးရအတွက် အကျိုးအမြတ် အမြောက်အများကို ရှာဖွေပေးခဲ့ ကြောင်း၊ ထို့ကြောင့် အောင်မိုးမြင့်ကို ဘယ်လာရုစ်အစိုးရက မြန်မာနိုင်ငံ ဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် ခန့်အပ်ထားကြောင်း၊ Dynasty ကုမ္ပဏီအုပ်စုသည် အောင်မိုးမြင့် မိသားစု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး၊ အောင်မိုးမြင့်၏ မိသားစုသည် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသည့် ဆက်ဆံရေး ရှိကြောင်း၊ အောင်မိုးမြင့်က ညီဖြစ်သူ လှိုင်မိုးမြင့်နှင့်အတူ Dynasty ကို ပူးတွဲ တည်ထောင်၊ လုပ်ကိုင်ခဲ့ကြောင်း၊ အောင်မိုးမြင့်၏ ဖခင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ကြီး ဖုန်းမြင့်သည် သန်းရွှေဦးဆောင်သော တရားမဝင်စစ်အစိုးရ လက်ထက် တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုက လူထောင် ပေါင်းများစွာကို သတ်ဖြတ်၊ ဖမ်းဆီးခဲ့ပြီး၊ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ကာ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်ခဲ့ ကြောင်း၊ အောင်မိုး မြင့်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ အများကြီး ချမှတ်ထားသော် လည်း ၎င်းသည် စင်ကာပူနိုင်ငံရှိ သူပိုင် စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article