25 C
Yangon

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ထံသို့ မူးယစ် ရဲမှူး ရဲမှူးချုပ် ဝင်းနိုင်၊ ရှမ်းပြည် ရဲမှူး ရဲမှူးချုပ် တင်ကိုကိုတို့က မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ်ငန်းများအတွက် လစဉ် ဆက်ကြေး သိန်းထောင်ချီ လွှဲပြောင်းမှု ရှိခဲ့

Must read

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ထံသို့ မူးယစ် ရဲမှူး ရဲမှူးချုပ် ဝင်းနိုင်၊ ရှမ်းပြည် ရဲမှူး ရဲမှူးချုပ် တင်ကိုကိုတို့က မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ်ငန်းများအတွက် လစဉ် ဆက်ကြေး သိန်းထောင်ချီ လွှဲပြောင်းမှု ရှိခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၃

အကြမ်းဖက်စစ်ကောင်စီက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသော ပြည်ထဲရေး ဝန်ကြီး ဟောင်း ဒုဗိုလ်ချုပ် ကြီး စိုးထွဋ်ထံသို့ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး ဌာန ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ ရှမ်း ပြည် နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုတို့ထံမှ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်း များ အတွက် လစဉ် ဆက် ကြေး သိန်းထောင်ချီ လွှဲပြောင်းမှုများရှိခဲ့ကြောင်း ပြည်ထဲရေး နှင့်နီးစပ် သော သတင်းရင်းမြစ်များထံမှသိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို ဩဂုတ်လ ၃ ရက်နေ့မှာ ရာထူးက ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အစားထိုး ခန့်အပ်ပြီးသည့်နောက် ပြည်ထဲရေး ဝန်ကြီးဟောင်း စိုးထွဋ်၊ ဇနီး နီလာစိန်၊ သားသမီးများကို လာဘ်ပေးလာဘ်ယူမှု၊ နိုင်ငံတော်လျှို့ ဝှက်ချက် ပေါက်ကြားမှု၊ မလျှော်ဩဇာသုံးပြီး စီးပွားရှာမှုများဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်နှင့် ဆက်နွယ် နေသည့် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူ၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုများတွင် ပါဝင်သူ ရဲမှူးချုပ် စိန်လွင်၊ ရဲမှူးချုပ် အောင်ဌေးမြင့်၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့ အပါအဝင် ရဲအရာရှိကြီးတချို့ကို ရာထူးတာဝန်များမှ အနားပေးကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်နှင့် ဇနီး နီလာစိန်ထံသို့ လစဉ် ပုံမှန် ဆက်ကြေး သိန်းထောင်ချီ ပေးဆောင်ရာတွင် ပါဝင်ခဲ့ကြသော ရဲမှူးချုပ် ဝင်းနိုင်နှင့် ရဲမှူးချုပ် တင်ကိုကို တို့မှာမူ အမှုမှ လွတ်မြောက်နေသည်ဟု ပြည်ထဲရေးနှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

“မူးယစ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် က ပြည်ထဲရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတွေကိုလစဥ်ထောက်ပံ့တယ်။ ဆက်ကြေးခွဲပေးတယ်ပေါ့။ ဘယ်တော့မှမြန်မာဟာမူးယစ်ရာဇာတွေကို မိမှာမဟုတ်ဘူး။ စိုးထွဋ် မိန်းမ နီလာစိန်ရဲ့ ဘဏ်စာရင်းထဲကို အမည်ပြောင်းများစွာနဲ့ ဝင်နေတဲ့ လစဥ်သိန်းထောင်ချီ ဆက်ကြေး တွေရှိနေတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှာ ဖွင့်နေတဲ့ KTV တွေ Hi ခန်းတွေ၊ ဘုရင့်နောင် Worldwide Brave bar မှာ WYနဲ့ K ကို ပေါ်ပေါ်တင်တင်ကို ရောင်းနေတာ။ ဒါတွေက ဝင်းနိုင်ရဲ့ ဆက်ကြေးတွေပေါ့။ တာချီလိတ်၊ လောက်ကိုင်၊ မူဆယ်တွေမှာ ဖွင့်ထားတဲ့ KTV တွေ လောင်းကစားလုပ်ငန်းတွေအတွက် ဆက်ကြေးကို ရှမ်းပြည် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက စိုးထွဋ် မိန်းမဆီကို လစဥ် သိန်း၁၀၀၀ ပို့ရတယ်။ ရဲမှူးချုပ် တင်ကိုကိုက အမှုပေါင်း များစွာနဲ့ အတိုင်ခံရပေမယ့် ရဲစည်းကမ်းပျက်တာတောင် စိုးထွဋ်လက်ထက်မှာ အရေးမယူခဲ့ဘူး။ ဝန်ကြီးအသစ် ရာပြည့်တက်လာတော့ အရင် ဆက်ကြေး ယူထားတဲ့ လောက်ကိုင် ကာစီနိုတွေကို ဝင်စီးတယ်။ Casino Online Scam တွေ အထိုက်အလျောက်ပျောက်သွားတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို ရာထူးမှ ဖယ်ရှားရာတွင် တရုတ်နိုင်ငံ၏ ဖိအားပါဝင်ကြောင်း ၊ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ် လောင်းကစား၀ိုင်းများ၊ အွန်လိုင်းငွေ လိမ်လည်မှုများကို တရုတ်က ပြင်းပြင်းထန်ထန် အရေးယူရန် မကြာခဏ စစ်ကောင်စီကို တောင်းဆိုခဲ့သော်လည်း ဝန်ကြီး စိုးထွဋ်နှင့် ဆက်ကြေးပေး ထားသူများကြောင့် ထိရောက်စွာ မနှိမ်နင်းနိုင်ခဲ့ကြောင်း၊ နောက်ဆုံး မင်းအောင်လှိုင်က စိုးထွဋ်ကို ရာထူးမှ ဖယ်ရှားခဲ့မှုတွင် တရုတ်နိုင်ငံ၏ ဖိအား ပါဝင်ခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ခေါင်း ဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေး ရဲဘော် ၄ ဦးကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေး သတ် ဖြတ် ရာတွင် အဓိက ဦးဆောင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article