28 C
Yangon

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် ဝိဓူရလမ်းရှိ နေအိမ်များကို ကျူးကျော်ဟု ဆိုကာ လူမိုက်များ၊ အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးသမားများ ပူးပေါင်း အဓမ္မ သိမ်းယူရန် ခြိမ်းခြောက်နေ

Must read

ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် ဝိဓူရလမ်းရှိ နေအိမ်များကို ကျူးကျော်ဟု ဆိုကာ လူမိုက်များ၊ အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးသမားများ ပူးပေါင်း အဓမ္မ သိမ်းယူရန် ခြိမ်းခြောက်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း ဒလမြို့နယ် မှော်စက်ရပ်ကွက် ဝိဓူရလမ်းရှိ နေအိမ်များကို ကျူးကျော်ဟု ဆိုကာ လူမိုက်များ ၊ စစ်တပ်ခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးသမားများ ပူးပေါင်း၍ အုတ်တံတိုင်းလာခတ်ကာ ရပ်ကွက်နေ ပြည်သူများကို ခြိမ်းခြောက် နှင်ထုတ်ရန် ကြိုးစားနေကြောင်း အဆိုပါ ရပ်ကွက် နေ ပြည်သူများက ပြောသည်။

အဆိုပါ မြေနေရာများကို စိမ်းလန်းမြေ နေရာဟု ခေါ်ထွင်ပြီး ၁၉၉၉ ခုနှစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ခင်မောင်သန်းက ဒလ-တွံတေး ကားလမ်းဘေးရှိသည့် မြေများကို စိမ်းလန်းစိုပြည်ရေး စီမံကိန်း အဖြစ် ဖော်ဆောင်ခဲ့ကြောင်း၊ နေထိုင်ရေးအခက်အခဲရှိသည့် ခြံစိုက်တောင်သူများကို မြေနေရာချပေးထားခဲ့ကြောင်း ပြည်သူများက ပြောကြားသည်။

“လူမိုက်ရယ်၊ ရပ်ကွက်အုပ်ကြီးရယ်၊ စီးပွားရေးသမားတွေရယ် စည်ပင်အိုးအိမ် ခွင့် ပြုချက်မရှိဘဲ ပေါင်းပြီး နေထိုင်တာ အနှစ် ၂၀ ဝန်းကျင်ရှိတဲ့လူတွေကို ကျူး ကျော်ဆိုပြီး မောင်းထုက်ဖို့ကြိုးစားနေတာပါ ။ စိမ်းလန်းမြေ မှာနေထိုင် ကြ တာပါ နှစ် ၂၀ ရှိနေပြီ” ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ပြောကြားသည်။

အဆိုပါ မြေနေရာတွင် နေထိုင်သူများမှာ ၂၄ နှစ်ကြာ အစဉ်အဆက် နေထိုင် သူများဖြစ်ပြီး ဂရန်ရရှိပြီးသူများလည်း ရှိကြောင်း၊ တစ်အိမ်လျှင် ငွေကျပ် သိန်း ၂၀ ပေး၍ ရပ်ကွက်နေပြည်သူများကို ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းကာ မောင်းထုတ်ရန် ကြိုးပမ်းနေကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြား သည်။

လက်ရှိအချိန်တွင် စစ်တပ်နှင့်ပူးပေါင်းထားသော စီးပွားရေးသမားများက ရပ်ကွက်ရှိ ပြည်သူများနေထိုင်သော မြေကို ၎င်းတို့ပိုင် ဂရန်မြေဟုဆိုကာ အုတ်တံတိုင်းများ လာခတ်နေကြောင်း၊ ရန်ကုန်- ဒလစီမံကိန်းပြီး ဆုံးချိန် ကာလတွင်း အတင်းအဓမ္မ မြေနေရာ ရယူရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

“တချို့တွေက လက်မခံပါဘူး။ တချို့တွေက ကြောက်လို့ လက်ခံပါတယ်။ အခု အုတ်တံတိုင်းတွေ လာခတ်နေပါတယ်။ အလားတူဖြစ်ရပ်မျိုး ဒလ ကျန်စစ်သား မှာ လုပ်ခဲ့ပြီးပါပြီ” ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်း ဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article