25 C
Yangon

နိုင်ငံတကာ သမ္မတဟောင်းတွေပါဝင်တဲ့ The Elders အဖွဲ့ နဲ့ NUG အစိုးရ ဝန်ကြီးများ တွေ့ဆုံ

Must read

နိုင်ငံတကာ သမ္မတဟောင်းတွေပါဝင်တဲ့ The Elders အဖွဲ့ နဲ့ NUG အစိုးရ ဝန်ကြီးများ တွေ့ဆုံ

ရန်ကုန် ၊ စက်တင်ဘာ ၂၃

ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက သမ္မတ ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ တွေ့ ဆုံခဲ့ကြောင်း NUG ကထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့် အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ဟာ The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်တချို့ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

NUG ကို လက်ခံတွေ့ဆုံတဲ့အထဲမှာ The Elders The Elders ရဲ့ ဥက္ကဋ္ဌ နဲ့ အိုင်ယာလန်နိုင်ငံ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊ မွန်ဂိုးလီး ယားနိုင်ငံ၏ သမ္မတဟောင်း နဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံရဲ့ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders ကတခြားအဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။

NUG အစိုးရ တာဝန်ရှိသူတွေ နဲ့ The Elders အဖွဲ့တို့က နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ တွေ့ ဆုံခဲ့ ပြီး မြန်မာ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ထုတ် ပြန်ထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article