25 C
Yangon

ရန်ကုန်တွင် ယခုညပိုင်း ငလျင် ခပ်ကြမ်းကြမ်းလှုပ်ခတ်သွား

Must read

ရန်ကုန်တွင် ယခုညပိုင်း ငလျင် ခပ်ကြမ်းကြမ်းလှုပ်ခတ်သွား

■ ငလျင်ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိပြီး ပဲခူးမြို့ကို ဗဟိုပြု လှုပ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်မြို့တော်တွင် ယနေ့ည ၈ နာရီ ၅၅ မိနစ်အချိန် ငလျင် ခပ်ကြမ်းကြမ်း လှုပ်ခတ်သွားပြီး အထပ်မြင့်တိုက်တာများအပါအဝင် နေအိမ်အများစုက ငလျင် လှုပ်ခတ်မှုကို သိသာ စွာ ခံစားရကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။

” ၁ မိနစ်လောက်တောင်ရှိမလားမသိဘူး။ ယိမ်းထိုးနေတာပဲ။ တိုက်တွေကို ယိမ်းထိုးနေတာ။ မူးလည်းမူးတယ်။ ဒီနေ့ ညနေလောက်ကတည်းခဏခဏ ငလျင်လေးတွေ လှုပ်တယ်လို့ ခံစားရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆို သည်။

လက်ရှိတွင် ရန်ကုန်မြို့ လယ်ခေါင်မြို့နယ်များ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အင်းစိန်၊ မြောက်ဥက္ကလာ အပါအဝင် မြို့ဆင်ခြေဖုံး မြို့နယ်အများစုတွင် ငလျင် ဒဏ်ကို သိသာစွာ ခံစားရကြောင်း သိရှိရသည်။

ယနေ့ညနေ ၅ နာရီ ၃၃ မိနစ်ဝန်းကျင်အချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ အနောက်ဘက် ၂၁ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ ငလျင်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း ငလျင်လှုပ်မှုကို အနည်းငယ် သိသာစွာ ခံစားခဲ့ရပြီးနောက် ယနေ့ ညပိုင်း ၈ နာရီ ၅၅ မိနစ်တွင် ထပ်မံ ငလျင် ကြမ်းကြမ်း လှုတ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ

ယနေ့ည ၈ နာရီ ၅၄ မိနစ်အချိန် ပဲခူးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင် ခန့် အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် ညပိုင်းသွားလာလှုပ်ရှားနေသော ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article