25 C
Yangon

ထိုင်းနိုင်ငံ UN ရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက စစ်ကောင်စီ၏ လစဥ်အခွန်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ခံမည့်အပေါ် ကန့်ကွက် ဆန္ဒပြ

Must read

ထိုင်းနိုင်ငံ UN ရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက စစ်ကောင်စီ၏ လစဥ်အခွန်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ခံမည့်အပေါ် ကန့်ကွက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံ UN ရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများက စစ်ကောင်စီ၏ လစဥ်အခွန်ငွေ ၁၀ ရာခိုင်နှုန်း ကောက်ခံမည့်အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ UN ရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများက စစ်ကောင်စီ၏ ပြည်ပရောက် မြန်မာများအပေါ် ကောက်ခံ မည့် လစဉ် ဝင်ငွေ အပေါ် ၁၀ ရာခိုင်နှုန်း အားကန့်ကွက် ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူ့ ငွေနဲ့ ပြည်သူကို ပြန်သတ်ဖို့ ကြံနေတဲ့” စစ်ကောင်စီကို နိုင်ငံတကာနှင့် UN မှ အရေးယူဆောင်ရွက် ပေးရန် ဆန္ဒပြ ပြည်သူများက တောင်းဆိုခဲ့ကြောင်း၊ စစ်ကောင်စီ အနေဖြင့် ပြည်ပရောက် မြန်မာများ၏ လုပ်အားခများ အပေါ် အဓမ္မ ခေါင်းပုံဖြတ်ခြင်းကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီ မှ ကောက်ခံသော လစဥ် အခွန်ငွေ ၁၀ ရာခိုင်နှုန်းကို မပေးဆောင်လျှင် ပြည်ပ ထွက်ခွါခွင့် သုံးနှစ် ပိတ်မည်ဖြစ်ကြောင်း ကြေငြာထား​သည်ဟု သိရသည်။

ဆန္ဒပြပွဲကို ကိုစူဠ ၊ တွဲလက် ညီအကိုများ ထောက်ပို့ အဖွဲ့နှင့် နိုင်ငံရေး မဟာမိတ်အဖွဲ့များ မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ အား အစိုးရအဖြစ် အသိအမှတ်မပြုကြောင်းနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး အတွက် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article