25 C
Yangon

ရေဦး-ဒီပဲယင်း နယ်စပ်ကို စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကျေးရွာ ၁၃ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦး-ဒီပဲယင်း နယ်စပ်ကို စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကျေးရွာ ၁၃ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကျေးရွာ ၁၃ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးနှင့် ဒီပဲယင်း မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၁၃ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသာလေးရွာမှ ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ရွာသာလေးရွာ၊ ကုက္ကိုစုရွာ၊ မူးသာကုန်းရွာ၊ ပြည်တော်ရွာ၊ ဆည်ကြီးရွာ၊ ပိဋိကတ်ကျရွာ၊ ဇိန့်ဇွန်းအရှေ့ရွာ၊ ဇိန့်ဇွန်းအနောက်ရွာနှင့် ဒီပဲယင်း အရှေ့ခြမ်းရှိ သရက်တောရွာ၊ ညောင်လှရွာ၊ မူးခတွင်းရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းကစပြီး ရေဦးနဲ့ ဒီပဲယင်း နယ်စပ်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အောင်လံအခြေစိုက် ခလရ ၇၁ စစ်ကြောင်းက ရေဦး-ဒီပဲယင်း နယ်စပ်ကို စစ်ကြောင်းထိုးလာတာ ဒီစစ်ကြောင်းက ခင်ဦး ရွှေဘိုနယ်ဘက်မှာ ၁ လနီးပါး စစ်ကြောင်းထိုးခဲ့ပြီး မနေ့ညကပဲ ခင်ဦးအနောက်ခြမ်း အင်းပတ်ကွေ့ဘက်ကနေ ရေဦးကို ပြန်ဝင်လာတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ပြည်တော် ဘုန်းကြီးကျောင်းထဲမှ စတင်ထွက်ခွာလာပြီး ဆည်ကြီးရွာ အနောက်ဘက် ငှက်ပျောခြံထဲရောက်နေကာ တောင်ဘက် အရပ်ကိုဦးတည်ထွက်ခွာနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article