25 C
Yangon

တနင်္သာရီတွင် စစ်တပ်ဂိတ်နှင့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး သေဆုံး၊ ဂန့်ဂေါတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

တနင်္သာရီတွင် စစ်တပ်ဂိတ်နှင့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦး သေဆုံး၊ ဂန့်ဂေါတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အကြမ်းဖက်စစ်တပ်ဂိတ်နှင့် စစ်တပ်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တနင်္သာ ရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့က မြိတ်မြို့နယ်၊ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်ရှိ လသာကျေးရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ ခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အ ကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုမသိရ သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၂ ၏ တပ်ခွဲ ၁ နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ 40 mm ၊ လက်နက်ငယ်တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြိတ်မြို့နယ်၊ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဇောကျေးရွာအုပ်စု ၊ ရွှေ ကြက်ယက်ဘုရားတောင်အနီး၌ အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး ခရီးသွား မိဘ ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထား‌သည့် စည်းကမ်းချက်များကို အလေးထားလိုက်နာပေးကြပါရန် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန် ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာမှ ပြည်သူပိုင်ပစ္စည်း၊ နွားများကို ခိုးယူနေသည့် အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း HYPER UAV FORCE ထံမှ သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးများသည် တောင်ခင်ရန်းနယ်မြေရဲစခန်းသို့ လက်နက်ခဲယမ်းရိက္ခာများဖြည့်တင်းရန် အင်အား ၁၀၀ ခန့်ဖြင့် ရွှေဘိုကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်း၊ နွားလှည်းများကို အတင်းအဓမ္မ လုယူကာ လက်နက်ကြီးကျည်များအပါအဝင်ခဲယမ်းအများအပြားကို တောင်ခင်ရန်းကျေးရွာသို့ သယ် ဆောင်သွားကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို HYPER UAV FORCE နှင့် ဂန့်ဂေါခရိုင်တပ်ရင်း ၁ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခံရမှုကြောင့် တောင်ခင်ရန်းကျေးရွာရှိ ပြည်သူ့နေအိမ် ၈ လုံးကို မီးရှို့ဖျက် ဆီးကာ ကား ၄ စီးဖြင့် မြောက်ခင်ရန်းကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article