25 C
Yangon

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ် စစ်​ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရ

Must read

ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ် စစ်​ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရ

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်​ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ညအချိန် ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းတွင် ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်​ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လျက်ရှိရကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်ယက်ကုန်းရွာ၊ ညောင်ကြီးကုန်းရွာ၊ မဲအိုးရွာ၊ မူးခတွင်းရွာ၊ အောင်ချမ်းသာရွာ၊ ညောင်လှရွာ၊ ဝဲကြီးရွာ၊ သရက်တောရွာ၊ ကံကုန်းရွာ၊ နှဘဲလှရွာ၊ ချောင်းပေါက်ရွာ၊ လက်ဆည်ရွာ၊ သပြေသာရွာနှင့် ကုန်းကြီးရွာတို့မှ ပြည်သူများ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ကြောင်းက ရေဦးတောင်ဘက်ခြမ်း ဆည်ကြီးရွာကနေ ဒီပဲယင်းအရှေ့ခြမ်း လက်ယက်ကုန်းရွာကို ဝင်ရောက် တပ်စွဲထားတယ်။ လက်ယက်ကုန်းကနေလည်း လက်နက်ကြီးနဲ့ အနီးဝန်းကျင်ကို အခုညပိုင်းထုနေတယ်။ စက်လက်နက်တွေနဲ့လည်း တရစပ်ထိုးပစ်နေကြတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် မထွက်ဘဲ နေလို့မရဘူး။ ပြည်သူတွေလဲ အခုညတွင်းချင်း ထွက်ပြေးနေကြရတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာအတွင်း ရောက်ရှိနေပြီး အင်အား ၁၃၀ ခန့်ပါဝင်ကြောင်း သိရသည်။

Photo – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article