26 C
Yangon

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရအဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေး၊ စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွှန့်အောင်ပါ ရာထူးမှ အဖြုတ်ခံရ

Must read

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရအဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေး၊ စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွှန့်အောင်ပါ ရာထူးမှ အဖြုတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရ အဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။

ယနေ့ည ၈ နာရီ ထုတ်ပြန်သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ယင်းကြေညာချက်တွင် စစ်ကောင်စီ၏ အဖွဲ့ဝင် ထိပ်တန်း ဗိုလ်ချုပ် ၂ ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယ ဗိုလ်ချုပ် ကြီး စိုးထွဋ်တို့ မပါဝင်တော့ဘဲ ဖြုတ်ပယ် ထား ကြောင်း၊ ထို့ပြင် ပြည်ထဲ ရေး ဝန်ကြီး အဖြစ်မှ အစိုးရအဖွဲ့ရုံး ဝန်ကြီး ၁ အဖြစ် ခန့်အပ် ထားသော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူးမှ အနားပေး ပြီး စစ်ဘက် မူလ ရာ ထူးတာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်း ကြေညာထားသည်။

ထို့ပြင် ဒေါ်လာငွေစျေးကစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် အရေးယူခံ ထားရ သော စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွှန့်အောင်ကိုလည်း ရာထူးမှ အနားပေးလိုက်ကြောင်း သိရှိရသည်။

ယနေ့ ညပိုင်း စစ်ကောင်စီက ရာထူးအပြောင်းအလဲများ လုပ်ရာတွင် စစ်ကောင်စီ ၏ ရွေးကောက်ပွဲ အဖွဲ့ဝင် ဘရန်ရှောင်ကိုလည်း အဖွဲ့ဝင်အဖြစ်မှ အနားပေး ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အောင်နိုင်ဦး ကို အစိုးရအဖွဲ့ရုံး ဝန်ကြီး ၁ အဖြစ်လည်းကောင်း၊ ထွန်းအုံကို စီးပွား/ကူးသန်း ဝန်ကြီးအဖြစ် လည်းကောင်း ခန့်အပ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒုဝန်ကြီးများအဖြစ် မင်းမင်းကို စီးပွား/ကူးသန်းဒုဝန်ကြီးအဖြစ် လည်း ကောင်း ၊ လွင်ဦးကို နိုင်ငံခြားရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ကြေညာ ချက်များ အသီးသီး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article