35 C
Yangon

ရေစကြိုနှင့် မုံရွာတွင် စစ်တပ် ယာဥ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရေစကြိုနှင့် မုံရွာတွင် စစ်တပ် ယာဥ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြို့အဝင်တွင် အကြမ်းဖက်စစ်တပ်၏ ၁၂ ဘီး ကား တစ်စီးကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၉ နာရီခန့်အချိန် ပခုက္ကူတပ်မ ၁၀၁ လက် အောက်ခံ အကြမ်းဖက် စစ်သား ၆၀ ခန့်သည် ရေစကြိုမြို့ထဲသို့ ၁၂ ဘီး ကား ဖြင့် ဝင်ရောက်လာစဉ် ခွာနီးစိုက်ပျိုးရေးခြံအနီး မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားမှာ ထိုးရပ်သွားပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်စစ် သားများ က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရေစကြိုမြို့တွင်းသို့ စစ်ကြောင်း ဝင် ရောက် သွားပြီး ည ၁၀ နာရီခန့်အချိန်တွင် ပြန်ထွက်လာခဲ့သဖြင့် ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများက ရမ်း သမ်း ပစ်ခတ်ပြီး ခလရ ၂၅၆ တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ ရဲဘော် များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံး မှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တပ်မ ၁၀၁ က စစ်ခွေးတွေ ရေစကြိုဘက်ကို အင်အားလာဖြည့်တာဗျ၊ ရေစကြိုမြို့အဝင်မှာ ၃ လုံးတွဲ မိုင်းနဲ့ တိုက်ခိုက်ခဲ့တာ၊ အသွားတုန်းကတော့ ကားက ထိုးရပ်သွားတယ်၊ ထိုးရပ်သွားတဲ့အချိန်မှာ ဆင်း ပြီး တော့ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ အတော်လေးပစ်သေးတယ်၊ မြို့ထဲဝင်ပြီးတော့ ဒီ ၁၂ ဘီး ကားနဲ့ပဲ ခလရ ၂၅၆ ဘက်ကို ပြန်ထွက်တယ်၊ ပြန်ထွက်တဲ့အချိန်မှာလည်း ၃ လုံးတွဲမိုင်းထပ်မိုင်းဆွဲခဲ့ တယ်၊ ထိခိုက်ကတော့ လက်ရှိအချိန်အထိ စုံစမ်းနေ တယ်၊ မြို့ထဲဝင်သွားတာက ထွေအုပ်ရုံးထဲကို သွား တာလား၊ ရဲစခန်းထဲကို သွားတာလားမသိဘူး၊ ပြန်ထွက်လာတာ၊ လောလောဆယ်တော့ ခလရ ၂၅၆ က ရွာနား လေးမှာ အင်အား ၅၀ လောက်ရှိတဲ့စစ်ကြောင်းကတော့ လှုပ်နေ တယ်၊ အဲဒီစစ်ခွေးတွေဖြစ်ဖို့များ တယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကြောင်း Brave Heart Army-BhA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မုံရွာမှထွက်လာသည့် စစ် ကား ၇ စီးပါယာဉ် တန်း သည် ဗောဓိတထောင် အရှေ့ဘက်တွင် စစ် ကြောင်း ထိုးရန် စစ်သားများ ချထားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါစစ်ယာဉ်တန်း ပြန်လှည့်လာစဉ် နံနက် ၇ နာရီ ၁၅ မိနစ်တွင် အဆိုပါ ယာဉ်တန်းကို ပဒေသာ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“စစ်ခွေးတွေချပြီး အပြန်မှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါဗျ၊ အသွား တုန်း က မမီလိုက်ဘူး၊ အပြန်မှာ ကျတော့ ပထမအစီးမှာ စစ်ခွေး ၇ ကောင် လောက် ထိပါတယ်ဗျ၊ ကျနော်တို့ကိုယ်တိုင်လည်း မြင်နေရ တာ၊ ကားပျက်ရင်လည်း တန်ကြေး အများကြီးကုန်ကျတာမို့ မိုင်းဆွဲတိုက်လိုက်တာပါ၊ ” ဟု Brave Heart Army-BhA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် မီဒီယာ သို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army-BHA အဖွဲ့သားများက ဉီး ဆောင် ပြီး Chindwin Fighter Group နှင့်အတူ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article