35 C
Yangon

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး ဖုန်းလိုင်းများကို စစ်တပ်က ဖြတ်တောက်ထား

Must read

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး ဖုန်းလိုင်းများကို စစ်တပ်က ဖြတ်တောက်ထား

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက် ထားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခန့်ကစပြီး ကလေးမြို့တောင် ပိုင်းရှိ မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ၊ ကျန်သာတို့မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ကျန်သာရွာမြောက်ဘက်ရှိ အောင်သာယာ၊ အောင်မင်္ဂလာ၊ မှန်တောနှင့်တင်သားရွာဘက်သို့ ဖောကား ၈ စီးဖြင့် စစ် ကြောင်းထိုးလာခဲ့ ကြောင်း၊ ယင်းနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်တပ်က ဖုန်းလိုင်းများ လည်း ဖြတ်တောက်ထားကြောင်း သိရှိရသည်။

“ကလေးတောင်ပို်ငးမှာ ၂၆ ရက် မနက်ပိုင်းကစလို့ ဒီနေ့ ၂၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်၊ ဖောကား ၈ စီးနဲ့ စစ်ကြောင်းထိုးခဲ့တာပါ၊ တိုက်ပွဲအခြေအနေက ပြင်းထန်နေတုန်းမို့ နှစ်ဖက် ထိခိုက်မှု အသေးစိတ်ကို မသိရသေးပါဘူး၊ အာဏာသိမ်းစကတည်းက အဲဒီဘက်မှာက အင်တာနက် လိုင်းတွေဖြတ်ထားခဲ့တာပါ၊ စစ်ကြောင်းထိုးတော့ ဖုန်းလိုင်းတွေပါ ဖြတ် ထားပါ တယ်သေးတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက ကလေးမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လည်းရှိနေပြီး အင်အားတိုးချဲ့မှုများရှိနေကြောင်း သိရှိရသည်။

ဓါတ်ပုံ – ကလေးမြို့နယ်တွင် လုံခြုံရေး ယူထားသည့် VAKOK (CNDF) တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article