25 C
Yangon

လားရှိုးမြို့ပြင်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ဆီဆိုင်နှင့် ဆီလာဖြည့်သော ကားများ မီးလောင်ပြာကျ

Must read

လားရှိုးမြို့ပြင်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ဆီဆိုင်နှင့် ဆီလာဖြည့်သော ကားများ မီးလောင်ပြာကျ

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပြင်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လားရှိုးမြို့ထွက် ခိုဆန်တန် ကျေးရွာအနီးရှိ DENKO စက်သုံး ဆီ အရောင်းဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ဆီဆိုင်နှင့် ဆီလာဖြည့်သည့် ကားများလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

” နောက်ဆုံး ရရှိတဲ့ သတင်းအရ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ထိခိုက် ဒဏ်ရာရပြီး အမျိုးသား ၂ ဦး သေဆုံးတယ်လို့ သိရတယ်။ လားရှိုးမြို့အထွက် ခိုဆန်တန် ကျေးရွာနားက DENKO စက်သုံးဆီ အရောင်းဆိုင်မှာ ပေါက်ကွဲမှုဖြစ်တာ ဆီဆိုင်နဲ့ ဆီလာဖြည့်ကားတွေ အကုန်မီးလောင်ပြာကျသွားတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article